မြန်မာတစ်ဦး ဘန်ကောက်မြို့အ၀င် ဟိုင်းဝေးလမ်းတွင်ကားတိုက်သေဆုံး

ဓာတ်ပုံ - Thairath
ထိုင်းနိုင်ငံ နွန်ထပ် ဘူရီမြို့က ရေညှိ စားသောက်ကုန် လုပ်ငန်း တခုမှာ အလုပ် လုပ်နေတဲ့ အသက် ၂၉ နှစ် အရွယ် မြန်မာနိုင်ငံသား မောင်အေးလွင်ဟာ ဇန်န၀ါရီလ ၁၆ ရက်နေ့က ကားတိုက် ခံရပြီး သေဆုံး သွားလို့ ထိုင်းရတ် သတင်းမှာ ဖော်ပြ ထား ပါတယ်။
ညနေ့ ၆ နာရီအချိန် အလုပ်ကနေအဆောင်သို့အပြန် ဘန်ကောက်မြို့အ၀င် ဟိုင်းဝေး လမ်းမကြီးပေါ်မှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ နေရာကိုလည်း ထိုင်းတာဝန်ရှိသူတွေ ရောက်ရှိလာပြီး စစ်ဆေးခဲ့သလို ပြစ်မှုကျူးလွန်တဲ့ ကားသမားလည်း ဘန်ဘိုးထောင်မြို့နယ် ဘက်သို့ ထွက်ပြေးသွားတာ ဖြစ်နိုင်ကြောင်း ထိုင်းရတ်သတင်းမှာ ရေးထားပါတယ်။
ကားသမားနဲ့ ပတ်သက်လို့ သတင်းထဲ မှာတော့ ပြစ်မှု ကျူးလွန် သူကို ဥပဒေအရ အရေးမှု ရှိမရှိ ရေးသား ထားခြင်း မရှိ ပါဘူး။ ဒါပေမယ့် သေဆုံးသူနဲ့ ပတ်သက်ပြီး အလုပ်သမား ခေါင်းဆောင် ကိုလည်း အကြောင်းကြား ထားပြီး အလောင်း ကိုတော့ အစိုးရ နာရေး ကူညီမှု အဖွဲ့က ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: မြန်မာ တဦး ဘန်ကောက်မြို့အ၀င် ဟိုင်းဝေးလမ်း ဖြတ်ကူးစဉ် ကားတိုက် သေဆုံး
No comments