ဂိုးမိုးရွာပြီး လီဗာပူးနိုင်၊ အိမ်ကွင်းတွင် မန်ယူရှုံး၊ လက်စတာ အမှတ်ပေးဇယားဦးဆောင်
လန်ဒန်− ယမန်နေ့ည ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) တွင် လီဗာပူးက အဝေးကွင်းတွင်နေ၀စ်ခ်ျကို အနိုင်ရရှိပြီး၊ မန်ယူက အိမ်ကွင်းတွင် ဆောက်သမ်တန်ကို ရှုံးနိမ့်ကာ လက်စတာကစတုတ်စီးတီးကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
နောဝစ်ခ်ျ-လီဗာပူးပွဲတွင် လီဗာပူးအတွက် ဖာမီနို၏ ၁၈ မိနစ်တွင် ဦးဆောင်ဂိုးသွင်းပြီး နောဝစ်ခ်ျအတွက် အမ်ဘိုကီနီက ၂၉ မိနစ်တွင် ချေပဂိုး၊ နိုင်းစမစ်က ၄၁ မိနစ်တွင် ဦးဆောင်ဂိုးသွင်းကာ ပထမပိုင်း၌ ၂-၁ဂိုးဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်းတွင် နောဝစ်ခ်ျက ၅၄ မိနစ်တွင် ဟိုလာလန်က ပင်နယ်တီဖြင့် တစ်ဂိုးထပ်သွင်းပြီး ၃-၁ ဂိုးဖြင့် ဦးဆောင်သည်။
လီဗာပူးက တိုက်စစ်မြှင့်ကစားရာ ၅၆ မိနစ်တွင် ဟန်ဒါဆင်၊ ၆၃ မိနစ်တွင် မာမီနိုတို့က ဂိုးများပြန်လည်သွင်းယူခဲ့သည်။ ၇၅ မိနစ်တွင် လီဗာပူးအတွက် မီနာက စတုတ္ထဦးဆောင်ဂိုးကို သွင်းယူ သည်။ နောဝစ်ခ်ျမှ ဘတ်ဆောင်းက နာကျင်အချိန်ပိုတွင်ချေပဂိုးပြန်လည်သွင်း ယူသော်လည်း လာလမ်နာက နောက်ဆုံးစက္ကန့်တွင် အပိုင်ပိတ်သွင်းကာ ၅-၄ ဂိုးဖြင့် လီဗာပူးနိုင်ခဲ့သည်။
မန်ယူမှာ အိမ်ကွင်းတွင် ဆောက်သမ်တန်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်စတာက ၃ ဂိုး၊ ဂိုးမရှိဖြင့်စတုတ်ကို နိုင်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ မန်ယူမှာ အမှတ်ပေးဇယားတွင် အဆင့်ငါး၊ လီဗာပူးမှာအဆင့် ၇ ၌ ရပ်တည်နေသည်။
ပဲလေ့စ်ကို အဝေးကွင်းတွင်၃ ဂိုး ၁ ဂိုးဖြင့် နိုင်သော စပါးမှာအဆင့်လေး၌ ရပ်တည်နေသည်။
No comments