ထိုင်းအာဏာပိုင်များ၏ ဆိုးရွားသော ဆက်ဆံမှုကို ခံခဲ့ရဟု လိပ်ကျွန်းလူသတ်မှု သေဆုံးသူ ဟန်နာ၏အစ်မ ဖွင့်ဟ
လိပ်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသူ ဟန်နာဝစ်သာရစ်ဂ်ျ၏ အစ်မက အမှုစစ်ဆေးနေစဉ်အတွင်း ထိုင်း ရဲတပ်ဖွဲ့က ၎င်းတို့ မိသားစုအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မှုများ ကို ဖွင့်ချလိုက်သည်။
အသက် (၂၃) နှစ်အရွယ် ဟန်နာနှင့် အသက် (၂၄) နှစ်အရွယ် ဒေးဗစ်မီလာတို့သည် ၂၀၁၄ စက်တင်ဘာလအတွင်း လိပ် ကျွန်းတွင် သတ်ဖြတ်ခံခဲ့ရသည်။ ဟန်နာသည် အသတ်မခံရမီ မုဒိမ်းပြုကျင့်ခြင်းပါခံခဲ့ရပြီး အဆိုပါ အမှုအတွက် မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းတရားရုံးက လူသတ် တရားခံများအဖြစ် စွပ်စွဲကာ ပြီးခဲ့ သည့် နှစ်ကုန်ပိုင်းက သေဒဏ် ချမှတ်ခဲ့သည်။
ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့သည် ယခုအခါ စီရင်ချက်ကို အယူခံဝင်ရန် ပြင်ဆင်နေပြီး ထိုင်း တရားရုံး၏ စစ်ဆေးမှု နည်းလမ်း များတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဗြိတိန်မီဒီယာများ က ထောက်ပြခဲ့ကြသည်။
ယခုအခါ ဟန်နာ၏ အစ်မ ဖြစ်သူ လော်ရာဝစ်သာရစ်ဂ်ျက ထိုင်းရဲ တပ်ဖွဲ့တွင် အကျင့်ပျက် မှုများရှိ နေကြောင်း တိုက်ရိုက်စွပ်စွဲခဲ့သလို ထိုင်းနိုင်ငံသည် လူအများ ထင်မြင်ထားသကဲ့သို့ လှပပြီး ဘေးကင်းသည့် နိုင်ငံမဟုတ်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးသားခဲ့သည်။
တရားစီရင်မှု အတောအတွင်း ၎င်းတို့ မိသားစုကို မေးမြန်း သည့် မေးခွန်းများ၌ ‘‘မင်းတို့ ဒီကို ဘာလာလုပ်နေတာလဲ’’၊ ‘‘ဒီ ကိစ္စကို မင်းတို့ ဘာလို့ အခု လောက် ဂရုစိုက်နေတာလဲ’’ အစရှိသည်များ ပါဝင်ကြောင်း လော် ရာက ဆိုသည်။ ထိုမေးခွန်းများ သည် မိသားစုဝင်တစ်ဦး ဆုံးရှုံး ထားသည့် လော်ရာတို့အတွက် အံ့ဩတုန်လှုပ်စရာ ဖြစ်စေခဲ့ သည်။
သောကရောက်နေသည့် မိသားစုအတွက် ပို၍ဆိုးရွားသော စကားတစ်ခုမှာ ထိုင်းအာဏာပိုင် တစ်ဦးက ‘‘သေတဲ့သူက သေနေ ပြီ။ ဘာဖြစ်လို့ ဒီလောက်ကြီး သောကရောက်နေမလဲ။ အိမ်ပြန် ပြီး ကလေးနောက်တစ်ယောက် ယူဖို့ ကြိုးစားပါလား။ အခုကိစ္စကို ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် လုပ် နေသလဲ။ ရက်ပေါင်း ၃၀ လောက် အတွင်းမှာ သူပြန်ရောက်လာနိုင် (ပြန်ဝင်စားလာနိုင်)တာပဲလေ။ နောက်တစ်ခါဆိုရင် သူက ပိုပြီး ကံကောင်းချင် ကောင်းမှာပေါ့’’ ဟု ဟန်နာ၏ မိဘများအား ပြော ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စကားများသည် လူ့ အသက်များနှင့် ပတ်သက်လျှင် ထိုင်းနိုင်ငံ၌ အလွန်တာဝန်ပေါ့ လျော့စွာ အလေးမမူဘဲ လုပ် ဆောင်နေသည့် အထောက်အ ထားများ ဖြစ်ကြောင်း ဟန်နာက စွပ်စွဲခဲ့သည်။
‘‘ဟန်နာကို ကျွန်မတို့ ဘဝ ထဲက ဆွဲထုတ်သွားတာ ခံရက တည်းက ကျွန်မအနေနဲ့ တစ်ကမ္ဘာ လုံးကို ထိုင်းနိုင်ငံရဲ့ အန္တရာယ် များပုံအကြောင်း သတိပေးဖို့ တောက်လျှောက် ကြိုးစားခဲ့တယ်။ ဖေ့စ်ဘွတ်ခ်မှာ အကြိမ်ကြိမ်ဝင်ပြီး ဟန်နာနဲ့ ကျွန်မကို သိတဲ့သူတွေ ထိုင်းမှာရှိနေရင် ချက်ချင်း ဝေးရာ ထွက်သွားဖို့ Status တွေ ရေး တင်ခဲ့တယ်။ ဒါပေမဲ့ အများစုက ဟန်နာ ကြုံသလို သူတို့မဖြစ်နိုင် ဘူးလို့ ထင်နေကြတုန်းပဲ။ ကောင်း ပြီ။ စဉ်းစားကြည့်လေ။ ကျွန်မတို့ လည်း မထင်ခဲ့ဘူး။ ဒါပေမဲ့ ဖြစ် လာရင် ဘယ်သူမှ မတွန်းလှန်နိုင် ဘူး’’ ဟု လော်ရာက ရေးသားခဲ့ သည်။
ဆက်လက်၍ ၎င်းက ‘‘ထိုင်း အများစုက အနောက်နိုင်ငံသား တွေကို မုန်းကြတယ်။ လူ့အသက် ကို အလေးထား၊ တန်ဖိုးထားတာ အင်မတန်နည်းတယ်။ ဒါကို ကျွန်မ ပေါ့ပေါ့ တန်တန်၊ ဒါမှမဟုတ် အ ကြောင်းပြချက်မရှိဘဲ ပြောနေ တာ မဟုတ်ဘူး။ ရှင်တို့ပြောပြော နေတဲ့ သိပ်လှတယ်ဆိုတဲ့ နေရာ အကြောင်း ကျွန်မအချက်အလက် လေးတချို့ ပြောပြပါရစေ။ ထိုင်း နိုင်ငံသား အများစုက လူ့အသက် ကို အလေးမထားကြဘူး။ ပထမ ဆုံး တရားသူကြီးတွေနဲ့ တရားရုံး တာဝန်ရှိသူတွေက မြန်မာရွှေ့ ပြောင်း လုပ်သားနှစ်ယောက်ကို စစ်ဆေးနေတဲ့ တရားခွင်မှာ ဝမ်း နည်း ကြေကွဲနေတဲ့ ကျွန်မတို့ မိသားစုတွေကို ပြောတဲ့စကား တွေပဲ’’ ဟု ဆိုသည်။
ထို့အပြင် ဟန်နာသေဆုံး ပြီးကတည်းက ၎င်းကိုယ်တိုင် လည်း ထိုင်းနိုင်ငံသားများထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှု များကို ရရှိလာကြောင်းလည်း လော်ရာက ဖွင့်ဟသည်။
‘‘ဓာတ်ပုံမှာ ကျွန်မမျက်နှာ ကို ဖျက်ထားပြီး ပို့လာတယ်။ လူ သတ်သမားတွေက သူတို့လုပ်ရ မယ့် အလုပ်တစ်ဝက်ပဲ ပြီးသေး တယ်လို့ ခြိမ်းခြောက်ထားတယ်’’ ဟု ၎င်းက ရေးသားထားသည်။
လော်ရာက ’’အခု ကျွန်မက ကိုယ့်အရိပ်ကိုယ် ပြန်လန့်နေရ တယ်ဆိုရင် ရှင်တို့ ဘာပြောမလဲ။ ကျွန်မ နောက်ကျောမလုံဘူးဆိုရင် ရှင်တို့ ဘာပြောမလဲ။ ကျွန်မ အ ရမ်းပင်ပန်း နွမ်းနယ်နေတယ်။ ဒါ ပေမဲ့ အိပ်စက်လိုက်ဖို့ကိုတောင် ကြောက်နေပြန်တယ်။ အိပ်မက် ဆိုးတွေ မက်မှာ စိုးရိမ်လို့။ ဟန်နာ သေဆုံးပြီးကတည်းက ခိုတောင် (လိပ်ကျွန်း)မှာ နောက်ထပ် မသင်္ကာစရာ လူသတ်မှုတွေ ထပ် ဖြစ်ခဲ့တယ်ဆိုရင် ရှင်တို့ဘာပြော မလဲ။ ရှင်တို့ ဒီအကြောင်းတွေ ကြားမိကြမှာ မဟုတ်ဘူး။ သေဆုံး သူတွေ အားလုံးက ဗြိတိန်နိုင်ငံ သားတွေ မဟုတ်ကြဘူးလေ။ ပြီး တော့ ဒီသေမှုသေခင်းတွေက ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံသလိုလို၊ မတော်တဆမှုတွေ လိုလို ဖုံးကွယ်လိုက်ကြတယ်။ တကယ်လို့ သူကြုံခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေသာ အသေအ ချာ ထွက်ပေါ်မလာဘူးဆိုရင် ဟန် နာသေဆုံးမှုလည်း အဲဒီလိုပုံစံနဲ့ လမ်းစပျောက်သွားနိုင်တယ်’’ ဟု ဆိုသည်။
‘‘ကျွန်မညီမကို အရမ်းလွမ်း တယ်။ ကျွန်မရဲ့ နှလုံးသားက လေးလံနေပြီ။ ကျွန်မရဲ့ စိတ်တွေ ကတော့ နွမ်းနယ်နေတယ်’’ ဟု လည်း ၎င်းက ဖွင့်ဟခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့နှင့် တရားရေး ဌာနတို့သည် လိပ်ကျွန်းလူသတ် မှု စီမံစစ်ဆေးသည့် ကဏ္ဍတွင် အားနည်းချက်များစွာ ရှိနေ ကြောင်း အကြီးအကျယ် ထိုးနှက် ဝေဖန်မှုများ ကြုံနေရသည်။ အ ထူးသဖြင့် အခင်းဖြစ်ပွားရာ နေ ရာကို ပေါ့လျော့စွာ ကိုင်တွယ် ထိန်းသိမ်းမှု၊ DNA စစ်ဆေးရာ တွင် နည်းလမ်းမကျမှုများကို မှု ခင်းဆိုင်ရာ ကျွမ်းကျင်သူများက ဝေဖန်ထောက်ပြကြသည်။ ထို့ အပြင် အခင်းဖြစ်ပြီး အစောပိုင်း အချိန်၌ လိပ်ကျွန်းပေါ်ရှိ ဩဇာ ကြီးမားသည့် မိသားစုဝင် တစ်ဦး ကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့သော် လည်း နောက်ပိုင်းတွင် မြန်မာ လုပ်သားများထံ လုံးလုံးလျား လျား အာရုံပြောင်းသွားခြင်း အ ပေါ် မေးခွန်းထုတ်မှုများလည်း ရှိ နေသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အပါအဝင် ထိုင်းအစိုး ရနှင့် ထိုင်းတရားရေး တာဝန်ရှိ သူများကမူ ယခုအမှုကို စစ်ဆေးခဲ့ ရာတွင် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများအတိုင်း မှန်ကန် ကြောင်း ကာကွယ်ပြောဆိုခဲ့ပြီး စွပ်စွဲခံ မြန်မာနှစ်ဦးအနေဖြင့် ပြစ် ဒဏ်စီရင်ချက်ကို အယူခံဝင်ခွင့် ရှိဆဲဖြစ်ကြောင်း ပြောကြားထား သည်။
No comments