ယခုပညာသင်နှစ် မုံရွာကွန်ပျူတာတက္ကသိုလ် ဝင်ခွင့်အမှတ်မြင့်တက်
မုံရွာကွန်ပျူတာတက္က သိုလ်တွင် ၂၀၁၅-၁၆ ပညာသင် နှစ်၌ ဝင်ခွင့်အမှတ်များ ယခင်နှစ် ထက် မြင့်တက်ခဲ့ပြီး ကျောင်း သား၊ ကျောင်းသူ ၃၀၀ ခန့်ဝင်ခွင့် ရရှိခဲ့ကြောင်း မုံရွာကွန်ပျူတာ တက္ကသိုလ်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
မုံရွာကွန်ပျူတာတက္ကသိုလ် ပထမနှစ် တက်ရောက်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီ ၉ ရက်က မုံရွာကွန်ပျူ တာတက္ကသိုလ်၌ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေခဲ့သည်။
‘‘မုံရွာကွန်ပျူတာ တက္က သိုလ်မှာ ပထမနှစ်ဝင်ခွင့်အမှတ် က မြင့်သွားတယ်။ အရင်နှစ်က အမှတ်ပေါင်း ၃၈၀ ရှိခဲ့တာ။ ဒီနှစ် ၄၀၇ မှတ်အထိ သတ်မှတ်ခဲ့တယ်။ပထမနှစ်ကျောင်းသား၊ ကျောင်း သူဦးရေကတော့ အရင်နှစ်က လည်း ၃၀၀၊ ဒီနှစ်လည်း ၃၀၀ ရှိ တယ်’’ဟု မုံရွာကွန်ပျူတာ တက္က သိုလ်ကျောင်းအုပ်ဆရာကြီး ဦး မျိုးဟိန်းဇော်က ပြောသည်။
မုံရွာကွန်ပျူတာကောလိပ် ကို ၂၀၀၀ ပြည့်နှစ်တွင် စတင် ဖွင့်လှစ်၍ ၂၀၀၇ တွင် မုံရွာကွန်ပျူတာတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်း ပညာဘာသာရပ်များ သင်ကြားပို့ချလျက်ရှိရာ ပထမ နှစ်မှ မဟာတန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁,၁၅၀ ဦး ပညာသင်ယူလျက် ရှိသည်။
‘‘ကွန်ပျူတာတက္ကသိုလ်မှာ အရင်တုန်းက ပထမနှစ်ကျောင်း သား၊ ကျောင်းသူ တက်ရောက်ခွင့် ရတာ ၁၅၀ နဲ့ ၃၀၀ ကြားရှိတယ်။ ဒီနှစ် ဝင်ခွင့်အမှတ်မြင့်ပေမယ့် ကျောင်းသား၊ ကျောင်းသူများ တယ်’’ဟု မုံရွာကွန်ပျူတာတက္က သိုလ်ကျောင်းသူဟောင်း မသက် ထားက ပြောသည်။
မုံရွာကွန်ပျူတာတက္ကသိုလ် ကို လက်ရှိ မုံရွာမြို့ မြို့သစ်ရပ် ကွက်မှ ချင်းတွင်းတံတားအ နောက်ဘက် အောင်ဇေယျမြို့ သစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိ ကြောင်းသိရသည်။ ယခုနှစ်ဆန်း တွင် မုံရွာကွန်ပျူတာတက္ကသိုလ် ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ နှစ်ထပ်အဆောင် တည်ဆောက် ပြီးစီးခဲ့ပြီး ပင်မလေးထပ်ကျောင်း ဆောင်တည်ဆောက်မှု ၄၀ ရာခိုင် နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း မုံရွာကွန်ပျူတာတက္ကသိုလ် အုပ် ချုပ်ရေးရုံးမှ သိရသည်။
No comments