အားလပ်ရက်မှာ လည်ပတ်စရာ အလောင်းတော်သို့ဘုရာဘူးသွားကြမယ်
ဓာတ်ပုံ− မျိုးမင်းဦး
တစ်ပတ်အားလပ်ရက်မှာ အပန်းဖြေစရာ ကဏ္ဍမှာတော့ အ ညာဒေသ သဘာဝတောတောင်တွေခံစားရင်း ဆင်စီးပြီး ဘုရားဖူးမြော်နိုင်မယ့် အလောင်းတော်ကဿပဘုရားဖူးခရီးစဉ်ကို ညွှန်းဆိုပါရစေ။
မုံရွာမြို့နဲ့ ၅၆မိုင်ခန့်အကွာ မှာရှိတဲ့ အလောင်းတော်ကဿပ ဘုရားကို ဖူးမြော်ဖို့ ယခုလိုပွင့် လင်းရာသီဖြစ်တဲ့ ဒီဇင်ဘာမှ ဧပြီ လကုန်အထိသာ သွားလို့ရပြီးမိုးတွင်းကာလများမှာ သွားလာရခက်ခဲတာကြောင့် ပိတ်ထားပါ တယ်။
အနယ်နယ်အရပ်ရပ်မှ ဘု ရားဖူးခရီးသည်များ အလောင်း တော်ကဿပကို သွားမယ်ဆိုရင် တော့ မုံရွာမြို့ကို အရင်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် မုံရွာမှ တစ်ဆင့် အလောင်းတော်ကဿ ပကို နေ့ချင်းပြန်သွားလာလို့ရသ လို ညအိပ်ခရီးအဖြစ်လည်း သွား လာလို့ ရပါတယ်။ မုံရွာမြို့ရှိ ဘုရားဖူးယာဉ်အသင်း လေးသင်း က နေ့စဉ် ဘုရားဖူးတွေအတွက် ၀န်ဆောင်မှုတွေပေးနေပါတယ်။ အနယ်နယ် အရပ်ရပ်ကလာတဲ့ ဘုရားဖူး ခရီးသည်တွေ မုံရွာမှာ တည်းခိုဖို့အတွက် အလောင်း တော်ကဿပ ဘုရားဖူးယာဉ်အ သင်းတွေ အနီးအနားက ဘုန်း တော်ကြီးကျောင်း ငါးကျောင်းမှာ အခမဲ့ တည်းခိုနိုင်ဖို့ စီစဉ်ပေးပါ တယ်။ ဒါ့အပြင် မုံရွာမြို့ပေါ်မှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းများမှာလည်း တည်းခိုနိုင်ပါတယ်။
မုံရွာကနေ အလောင်းတော် ကဿပကို ဘုရားဖူးယာဉ်လိုင်းနဲ့ သွားမယ်ဆိုရင်တော့ မှန်လုံ ယာဉ်ကြီးတွေက မုံရွာမြို့မှ မနက် ၂ နာရီထွက်ခွာပြီး ယာဉ်လတ် တွေက မနက် ၄ နာရီထွက်ခွာပါ တယ်။ မုံရွာမြို့တွင်း တည်းခိုတဲ့ ခရီးသည်တွေကိုတော့ ယာဉ်လိုင်းများက ကြို၊ ပို့အစီအစဉ်နဲ့ဆောင်ရွက်ပေးပါတယ်။
မုံရွာမြို့က မနက် ၂ နာရီ ထွက်ခွာတဲ့ ယာဉ်ကြီးတွေက က ပိုင်ယာဉ်ရပ်နားစခန်းကို မနက် ၄ နာရီရောက်ရှိပြီး အလောင်းတော် ကဿပကို မနက် ၇ နာရီမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ အ လောင်းတော်ကဿပဘုရားဖူး ချိန်လေးနာရီ ရပ်နားပေးပြီးမနက် ၁၁ နာရီမှာ ပြန်လည်ထွက်ခွာလေ့ ရှိပါတယ်။ အပြန်လမ်းမှာ ဖိုလ် ၀င်တောင်ကိုလည်း ၀င်ပို့ပေးလေ့ ရှိပြီး ညနေ ၅ နာရီခန့်မှာ မုံရွာ မြို့ကို ပြန်ရောက်ပါတယ်။
ယာဉ်ငယ် ခရီးစဉ်မှာတော့ မုံရွာမြို့က မနက် ၄ နာရီထွက်ခွာ ပြီး ကပိုင်ယာဉ်ရပ်နားစခန်းသို့ မနက် ၅ နာရီခွဲရောက်ရှိပါတယ်။ ကပိုင် စားသောက်ဆိုင်မှာ ၁၅ မိနစ်ခန့် ရပ်နားပြီး အလောင်း တော် ကဿပသို့ ဆက်လက် ထွက်ခွာရာ မနက် ၇ နာရီခွဲမှာ ရောက်ရှိပါတယ်။ အလောင်း တော်ကဿပ ရင်ပြင်တော်မှာ ဘုရားဖူးချိန် လေးနာရီရပ်နားပေး ပြီး ၁၁ နာရီခွဲမှာ ပြန်လည်ထွက် ခွာခဲ့ရာ မုံရွာမြို့သို့ ညနေ ၃ နာရီ ခွဲမှာ ပြန်လည်ရောက်ရှိလေ့ရှိပါ တယ်။
နေ့ချင်းပြန်ခရီးစဉ်အတွက် အသွားအပြန် ခရီးသည် တစ်ဦး ကျပ်တစ်သောင်းခွဲဖြစ်ပါတယ်။ မိသားစုအလိုက် အစုအဖွဲ့အ လိုက် နေ့ချင်းပြန်ခရီးစဉ်ကို စင်း လုံးငှား စနစ်နဲ့ မော်တော်ယာဉ် ငှားရမ်းမယ်ဆိုရင် ခရီးသည် ငါး ဦးမှ ခုနစ်ဦးအထိ လိုက်ပါနိုင်တဲ့ စူပါကာစတန် တစ်စီးကို ကျပ် တစ်သိန်းနှစ်သောင်း၊ ခရီးသည် ၁၀ ဦးမှ ၁၄ ဦးအထိ လိုက်ပါနိုင် မယ့် Hiace ခေါင်မြင့်၊ ကိုရီးယား မှန်လုံ၊ တရုတ်မှန်လုံတစ်စီးကို ကျပ်တစ်သိန်းလေးသောင်း၊ ခရီး သည် ၁၅ ယောက်စီး အန်စာတုံးမှန်လုံယာဉ်တစ်စီးကို ကျပ်တစ်သိန်းခုနစ်သောင်း၊ ခရီးသည် ၃၇ ယောက်စီး မှန်လုံယာဉ်ကြီးတစ်စီး ကို ကျပ်နှစ်သိန်းရှစ်သောင်းအထိ ရှိပါတယ်။
မိသားစုအလိုက် အလောင်း တော် ကဿပသို့ ညအိပ်ခရီးသွားရောက်မည်ဆိုပါက စင်းလုံးငှားယာဉ်ငှားရမ်းခအပြင် ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်အတွက် ၀န်ဆောင်ခကျပ်သုံးသောင်း ထပ်မံပေးရမှာဖြစ်ပါတယ်။
အလောင်းတော် ကဿပ သွားရာ လမ်းတစ်လျှောက်မှာ က ပိုင်ကျေးရွာ၊ ပွင့်ကြီးစခန်း၊ ဂုံ ညင်းပင်စခန်း၊ မဟူရာနတ်ထိပ် တောင်၊ ရှုခင်းသာ၊ ကိုးမိုင်သစ် တောစခန်း၊ ပြာပုံတောင် (၁၂ ကွေ့)၊ ချောင်းမကြီးသစ်တော စခန်း၊ ဆင်စခန်း၊ သပိတ်ဆေး ယာဉ်ရပ်နားစခန်းတွေ ဖြတ်သန်း သွားရမှာပါ။ လမ်းခရီးက ကျေး ရွာတွေမှာ အညာဒေသလူနေထိုင် မှု ဓလေ့တွေကို တွေ့ရှိခံစားရမှာ ဖြစ်ပါသည်။
အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်နယ်မြေရောက် ပြီဆိုရင်တော့ သဘာဝတော တောင်များကို လေ့လာနိုင်ပြီး တောင်တက်တောင်ဆင်းလမ်း ဖြစ်သည့်အတွက် ဓလေ့ထုံးစံများ လိုက်နာရန်လိုအပ်သလို ယာဉ် ကြံ့ခိုင်မှုနှင့် ယာဉ်မောင်းများကျွမ်းကျင်ဖို့တော့ လိုအပ်ပါတယ်။ ထော်လာဂျီနှင့် အဝေးပြေး လေအိတ်ကားကြီးများ သွားလာခွင့်မပြုပါ။
မဟူရာနတ်ထိပ်တောင် ရောက်ရှိရင် ယာဉ်မောင်းတိုင်းက ကားဖြင့် ဦးတိုက်သလို အမွှေး တိုင်၊ ဖယောင်းတိုင် နတ်စဉ်တွင် ဆက်သလေ့ရှိတယ်။ ခရီးသည် များအနေဖြင့် ကွမ်းတံတွေး၊ တံ တွေးနှင့် အပေါ့အလေးမစွန့်ရန်၊ ညစ်ညမ်းသော စကားမဆိုရန် ဓလေ့ထုံးစံများအား ယာဉ်မောင်း များက မှာကြားလေ့ရှိပါတယ်။
credit 7 day daily
No comments