အစိုးရသစ်၏ ပထမဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ နှစ်သောင်းကျော်သုံးစွဲရမည်
အစိုးရသစ်တာ ၀န်ယူမည့် လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အသုံးပြုမည့်အစိုး ရ၏ အသုံးစရိတ်ကို ကျပ်ငွေဘီ လီယံနှစ်သောင်းကျော်ဖြင့် ပြည် ထောင်စုလွှတ်တော်က အတည် ပြုလိုက်ပြီဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အပါအ၀င် ဗဟိုအဖွဲ့အစည်းများ က သုံးစွဲရန်မူလက ကျပ်ဘီလီယံ နှစ်သောင်းတစ်ထောင်ကျော် လျာ ထားသတ်မှတ်သော်လည်း လွှတ် တော်က ကျပ်ဘီလီယံ ၆၀၀ ကျော် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က ယခုကဲ့သို့ ဘီလီယံ ၆၀၀ ကျော် ဖြတ်တောက်လိုက်သဖြင့် မူလ ဖြစ်ပေါ်နေသည့် ဘတ်ဂျက်လို ငွေကျပ်ဘီလီယံ ၃,၉၀၀ ကျော် အစား လိုငွေ ကျပ်ဘီလီယံ ၃,၂၀၀ ကျော်သို့ လျော့ကျခဲ့ သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းထားသော လာမည့်ဘဏ္ဍာနှစ်အတွင်း သုံးစွဲရမည့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းနှစ်ခု ဖြစ်သည့် အမျိုးသားစီမံကိန်းဥပ ဒေကြမ်းနှင့် ဘဏ္ဍာငွေအရသုံး ဆိုင်ရာ ဥပဒေကြမ်းများကို ဇန်န ၀ါရီ ၁၉ရက်ကပြုလုပ်သည့်ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ် သည်။
ငွေကြေးပမာဏများစွာကုန် ကျမည့် စီမံကိန်းများ၊အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများပါ ၀င်သည့် ငွေလုံးငွေရင်း အသုံးစ ရိတ်များမှ ကျပ်ငွေ၆၁၃ဘီလီယံကျော် ဖြတ်တောက်ခဲ့ပြီး သာမန်အသုံးစရိတ်များမှ ကျပ် ၁၆ ဘီလီယံခန့် ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ဥပဒေကြမ်းပူးပေါင်း ကော်မတီကထုတ်ပြန်သည့် ဇယားများတွင် ဖော်ပြထားသည်။
‘‘ဖိုင်နယ်အချောက ပြန် ကြည့်ရဦးမယ်။ စုစုပေါင်းဖြတ် လိုက်တာကတော့ ဘီလီယံ ၆၂၉ လောက်ရှိမယ်။ အဲဒါဖြတ်လိုက် တဲ့အတွက် ဂျီဒီပီ၎ဒသမ၄၆ကနေ ၄ဒသမ၁၆လောက်တော့ ပြောင်း သွားတာပေါ့။ ဒါကတော့ ပထမ အကြိမ် လွှတ်တော် သက်တမ်း ကာလမှာ အများဆုံးလျှော့ချတာ ဖြစ်တယ်’’ဟု ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်းပူးပေါင်းကော် မတီ အတွင်းရေးမှူး ဦးစောလှ ထွန်းကပြောသည်။ အသုံးစရိတ် များကို မူလက ကျပ် ၃၇ ဘီလီယံ သာဖြတ်တောက်ရန်လျာထားခဲ့ သော်လည်း အဆ ၂၀ခန့်တိုးမြှင့် ၍ ဘီလီယံ ၆၀၀ ကျော်ဖြတ် တောက်ရန် လွှတ်တော်က ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်
No comments