သပိတ်မှောက်ကျောင်းသားများအမှုတွင် အရေးကြီး လိုပြသက်သေတစ်ဦးကို လာမည့်ရုံးချိန်း၌ စတင်စစ်ဆေးမည်
သပိတ်မှောက်ကျောင်းသားများအမှုတွင် အရေးကြီး လိုပြသက်သေတစ်ဦးကို လာမည့်ရုံးချိန်း၌ စတင်စစ်ဆေးမည် (ဓာတ်ပုံ - ကျော်ဇင်သန်း)
သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏အမှုတွင် တရားလိုရဲမှူးဖုန်း မြင့်ကို ၁၀ လကျော်ကြာစစ်မေး ပြီးနောက် အရေးကြီးတရားလိုပြသက်သေတစ်ဦးဖြစ်သည့် လက် ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟကို လာမည့်ရုံးချိန်းတွင် စ တင်စစ်ဆေးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
လက်ပံတန်းမြို့နယ် အုပ် ချုပ်ရေးမှူး ဦးသီဟသည် ၂၀၁၅ မတ်လ ၁၀ ရက်က လက်ပံတန်း မြို့တွင် သပိတ်မှောက်ကျောင်း သားနှင့်ဝန်းရံပြည်သူများအား ရဲ တပ်ဖွဲ့က မဖြိုခွင်းမီ ပုဒ်မ ၁၂၇၊ ၁၂၈ အရ အမြန်ဆုံးလူစုခွဲရန် ကြေညာချက်ကို လက်မှတ်ရေး ထိုး၍ ထုတ်ပြန်ခဲ့သူတစ်ဦးဖြစ် သောကြောင့် ကျောင်းသားများ၏ အမှုတွင် အရေးကြီးတရားလိုပြ သက်သေဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးလှမျိုးမြင့်က ပြောသည်။
‘‘တရားလိုရဲမှူးဖုန်းမြင့်ကို မေးထားတာကို ပြန်မှတ်တမ်းတင် တာ ဒီနေ့ပြီးမယ်။ နောက်တစ် ပတ်ရုံးချိန်းကျရင် တရားလိုပြ သက်သေ လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟကို စစစ် မယ်။ ဦးသီဟက အခင်းဖြစ်တဲ့အ ချိန်မှာ ကျောင်းသားတွေကို နှိမ် နင်းဖို့ ပုဒ်မ ၁၂၇၊ ၁၂၈နဲ့ အမိန့် တစ်ရပ်ထုတ်တယ်။ အဲဒီအမိန့်က တရားသူကြီးနဲ့ရဲကပဲ ထုတ်ပိုင်ခွင့် ရှိတာကို သူက တရားသူကြီးအာ ဏာကိုအလွဲသုံးစားလုပ်ပြီး ထုတ် ထားတာမှားတယ်။ အဲ့ဒါကို ပြန် လှန်မေးမယ်’’ဟု တရားလွှတ် တော်ရှေ့နေ ဦးလှမျိုးမြင့်ကပြော သည်။
သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများ၏ အမှုစစ် ဆေးခြင်းကို ပိုမိုမြန်ဆန်စေရန်အ တွက် တစ်ပတ်လျှင် ရုံးချိန်းနှစ် ရက် စစ်မေးရန် ကျောင်းသားများ က တောင်းဆိုသည့်အပေါ် သာ ယာဝတီမြို့နယ် တရားသူကြီးက အခြားအမှုများ စစ်ဆေးရန်ရှိသ ဖြင့် အဆင်မပြေသောကြောင့် တစ်ပတ်လျှင်တစ်ရက်သာ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
‘‘ရှေ့နေတွေကို မေတ္တာရပ် ခံထားတာရှိပါတယ်။ အဓိကက သက်သေကတအားများတယ်။ တရားလိုစစ်တာက ကြာပါမယ်။ သူကစပြီးတရားစွဲတာဖြစ်တဲ့အ တွက် ရှေ့နေတွေက မေးရမယ်။ မေးခွန်းလည်းမထပ်ရအောင်၊ ပို ပြီးတော့ ထိထိရောက်ရောက်ဖြစ် အောင်လို့ပါ။ ရှေ့နေတွေကလည်းစီစဉ်ထားတယ်လို့ပြောတယ်’’ဟု ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောသည်။
သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများကို သာယာ ၀တီမြို့နယ်တရားရုံး၌ ဇန်န၀ါရီ ၁၉ ရက်တွင် အကြိမ် (၄၀)မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး အဆိုပါရုံး ချိန်းတွင် တရားလိုရဲမှူးဖုန်းမြင့်ကို ရှေ့နေများ၏ စစ်မေးချက်များကို တရားခွင်အတွင်း ပြန်လည်မှတ် တမ်းတင်ခဲ့ကာ ဇန်န၀ါရီ ၂၆ ရက် သို့ ရုံးချိန်းချိန်းဆိုခဲ့သည်။ ထို့အ ပြင်ကျန်းမာရေးအတွက် ဆေး ကုသခွင့်ရရှိရန် သာယာဝတီခရိုင် တရားရုံးသို့ အာမခံလျှောက်ထား သည့် ဦးမြကြီးနှင့် ကိုထိန်လင်း အောင်တို့ အာမခံရရှိခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှ မျိုးမြင့်က ပြောသည်။
သာယာဝတီမြို့နယ် တရား ရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသား များအပါအ၀င် ၀န်းရံပြည်သူများ၊ ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုနန္ဒစစ်အောင်တို့ကို ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှုပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီး နောက် ဆက်လက်ပါဝင်မှုပုဒ်မ ၁၄၅၊ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းကိုနာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့်တရားစွဲဆိုထားသည်။
No comments