မန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်
ဘူးသီးတောင်မြို့နယ် မိုင် တိုင်အမှတ် (၆၃/၆၄) အနီးတွင် AA လှုပ်ရှားစစ်ကြောင်းနှင့် မြန်မာ့တပ်မတော်ဘူးသီးတောင် အခြေစိုက် ခမရ(၅၆၅)တို့ ဖေဖော်ဝါရီ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ရက္ခိုင့်တပ်မတော် (AA) သတင်းနှင့် ပြန်ကြားရေးဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) လက်နက်ကိုင်အဖွဲ့တို့ ပြီးခဲ့သည့်လပိုင်းက ကျောက်တော်နှင့် မြောက်ဦးမြို့နယ်အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိသော်လည်း လတ်တလောတိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိ၊မရှိ မသိသေးကြောင်း ပြောကြားသည်။
ရက္ခိုင့်တပ်မတော် (AA)ကို ၂၀၀၉ က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၌ အဓိက အခြေစိုက်သည်။
ရက္ခိုင့်တပ်မတော် (AA)သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားခြင်း မရှိသကဲ့သို့ အစိုးရဘက်ကလည်း AA ကို အသိအမှတ်ပြုထားခြင်း မရှိပေ။
No comments