Breaking News

ပရီးမီးယားလိဂ်ဖလားရရန် လက်မလျှော့သေးဟု အာစင်ဝင်းဂါးကြုံးဝါး


ညံ့ဖျင်းသော ကစားပုံ ကြောင့် အမှတ်ပေးဇယားထိပ် ဆုံးမှ လက်စတာနှင့် ရှစ်မှတ်ကွာ နေသော်လည်း ပရီးမီးယားလိဂ်ဖလားအတွက် လက်မလျှော့သေးဟု နည်းပြအာစင်ဝင်းဂါးက ပြော ကြားသည်။

လန်ဒန်မြောက်ပိုင်း မြို့ခံ ပြိုင်ဘက် စပါးနှင့် စနေနေ့က သရေကျခဲ့သည့် အာဆင်နယ်သည် သုံးပွဲဆက် နိုင်ပွဲပျောက်နေသည်။
သို့သော် ဟူးလ်စီးတီးနှင့် အက်ဖ်အေဖလားပဉ္စမအဆင့် ပြန်လည်ယှဉ်ပြိုင်မည့် ပွဲမတိုင် မီ သတင်းစာရှင်းလင်းပွဲတွင် အာ စင်ဝင်းဂါးက ‘‘ကျွန်တော်တို့ ချန် ပီယံဖြစ်ဖို့ လက်မလျှော့သေးဘူး’’ ဟု ပြောသည်။
ရာသီကုန်ချိန်အထိ ဆက် လက်တိုက်ပွဲဝင်မည်ဖြစ်ပြီး ပရီး မီးယားလိဂ်ပြီးဆုံးရန် အချိန်များ စွာ လိုနေသေးကာ လက်စကာ ကို မိမိတို့နှစ်ကြိမ်အနိုင်ရခဲ့သည် ဟု ၀င်းဂါးက ပြောသည်။
အာဆင်နယ်သည် ဘာစီလို နာနှင့် ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့် ဒုတိယအကျော့အပါအ၀င် ၁၁ ရက်အတွင်းလေးပွဲကစားရမည်ဖြစ်သည်။
Credit 7day daily

No comments