ရခိုင်ပြည်နယ်တွင် ယနေ့ ဘင်္ဂါလီလူဦးရေ စတင်စစ်ဆေးမည်
ရခိုင်ပြည်နယ် မြို့နယ် သုံးခုရှိ ဘင်္ဂါလီများအား ၁၉၈၂
မြန်မာနိုင်ငံသားဥပဒေဖြင့် လူဦး ရေစစ်ဆေးခြင်း ယနေ့စတင်မည် ဖြစ်ကြောင်း
ရခိုင်ပြည်နယ် လူ ၀င်မှုကြီးကြပ်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ် မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ် တို့တွင် ယနေ့ (ဇွန်လ ၇ ရက်)၌ စတင်လုပ်ဆောင်မည်ဖြစ်ပြီး ရဲ တပ်ရင်း သုံးခုက လုံခြုံရေးတာဝန် ယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ဇွန်လ ၇ ရက်မှာ လူဦးရေ စစစ်ဆေးမယ်။ သုံးမြို့နယ်ပေါ့။ ပုဏ္ဏားကျွန်းကို အရင်စမယ်။ ဒီလိုစစ်ဆေးတဲ့နေရာမှာ လုံခြုံ ရေးအတွက် ရဲတပ်ရင်း သုံးခုက တာဝန်ယူမယ်’’ဟု အထက်ပါရဲ အရာရှိက ပြောသည်။
ဘင်္ဂါလီများအား ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဖြင့် လူဦး ရေစစ်ဆေးရာတွင် မြေပုံမြို့၌ အမှတ် (၁၀) လုံခြုံရေးရဲတပ်ဖွဲ့ ခွဲ၊ ကျောက်ဖြူမြို့၌ အမှတ် (၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ ပုဏ္ဏားကျွန်း မြို့နယ် အမှတ် (၂၂) လုံခြုံရေးရဲ တပ်ဖွဲ့ခွဲက လုံခြုံရေးတာဝန်ယူ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိ သည်။
ရခိုင်ပြည်နယ် တစ်ခုလုံး၌ နေထိုင်သူ ဘင်္ဂါလီများအား ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ခြင်း ခံယူလိုကြောင်း လျှောက်ထားသည့် လျှောက်လွှာများကို ယခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်လက်ခံခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လူဦးရေသုံးသန်းခန့်ရှိသည့်အနက် တစ်သန်းကျော်မှာ ဘင်္ဂါလီများဖြစ်ကြောင်း ပြည်နယ်အစိုးရက ၂၀၁၅ ဇွန်လအတွင်း ထုတ်ပြန်ထားသည်။
လူမျိုးရေးပဋိပက္ခ ဖြစ်ခဲ့ဖူး ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် တည်ငြိမ်ရေး အရေးပါနေ သည့် ရခိုင်ပြည်နယ်တွင် တည် ငြိမ်းအေးချမ်းမှု ဖော်ဆောင်နိုင် ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အ ထည်ဖော်ရေး ဗဟိုကော်မတီကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် ၍ ပထမဆုံးအကြိမ် ဖွဲ့စည်းခဲ့ သည်။
မေလ ၃၁ ရက်က ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ကော်မတီဒုတိယ ဥက္ကဋ္ဌဖြစ်သူ နယ်စပ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦး ဆောင်သော ကော်မတီဝင်များ က ရခိုင်ပြည်နယ် မြို့နယ်အချို့ သို့ သွားရောက်ကာ ဒေသဖွံ့ဖြိုး ရေးနှင့် တည်ငြိမ်ရေးကိစ္စများ လေ့လာဆွေးနွေးခဲ့ကြောင်း ရခိုင် ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ရရှိသည်။

No comments