Breaking News

ကုန်တင်ကားနဲ့ အမြင့်ပေ ၁၆၀ ကို ခုန်ပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ယာဉ်မောင်း

သင့် အနေနဲ့ ၄၅,၀၀၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ကုန်တင်ကား တစ်စီးက ပေ ၁၆၀ အမြင့်ကိုရောက်အောင် ခုန်နိုင်တာမျိုးကို တွေ့ဖူးပါသလား?အခုတွေ့ရပါပြီ။

စတန့် အလှပြ ယာဉ်မောင်းတစ်ဦး ဖြစ်တဲ့ Gregg Godfrey က ကြီးမားပြီးလေးလံလှတဲ့ ကုန်တင်ကားတစ်စီးကို လေထဲမှာ ၀ဲပျံနေစေခဲ့ပြီး ပြန်ပြချင်စရာ ပုံပြင်လေးတစ်ပုဒ် အဖြစ် ဖန်တီးနိုင်ခဲ့သလို ကမ္ဘာ့ စံချိန်လည်း တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ ထိုကုန်တင်ကားကို လေထဲမှာ ၀ဲပျံနေသလို အမြင့်အထိရောက်အောင် မခုန်လိုက်ခင်မှာပဲ သူဟာ ကားရဲ့ ဟွန်းကိုလည်း ဆက်တိုက် တီးခဲ့ပါသေးတယ်။ ပိုပြီး ထူးဆန်းစေတာက ထို ကုန်တင်ကားတစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုသိထားသင့်တာကတော့ သူ ကုန်တင်ကားနဲ့ ခုန်ပြခဲ့တဲ့အထဲမှာ ပေ ၂၀ ဟာ မတော်တဆ ကြက်ကန်းဆန်အိုးတိုးသွားတာပါ။ မခုန်ခင်ကတည်းက သူကြုံးဝါးထားတာဟာ ပေ ၁၄၀ ကို ခုန်ပြဖို့ပါ။ ဘာပဲ ဖြစ်ဖြစ် သူ ဟာ ကုန်တင်ကားနဲ့ အမြင့်ဆုံး ကို ခုန်ပြနိုင်သူအဖြစ် ကမ္ဘာ့စံချိန်တင်သွားခဲ့ပါပြီ။

 ( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

No comments