Breaking News

ဗြိတိန်နိုင်ငံသား သုံးပုံတစ်ပုံခန့် တစ္ဆေများနှင့် စကားပြောဖူး


ဗြိတိန်နိုင်ငံသား သုံးပုံတစ်ပုံခန့်သည် တစ္ဆေများနှင့် စကားပြောဖူးကြောင်း စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

          အဆိုပါ စစ်တမ်းသစ်တွင် ဖြေဆိုသူများမှ (၈၂)ရာခိုင်နှုန်းက သဘာဝလွန် စွမ်းအားများနှင့် သရဲတစ္ဆေ္ဆများ ရှိခြင်းကို ယုံကြည်ကြပြီး (၁၆) ရာခိုင်နှုန်းကမူ ကွယ်လွန်သွားသော မိတ်ဆွေများနှင့် မိသားစုဝင်များမှာ ၎င်းတို့ကို ၀ိညာဉ်များအဖြစ် စောင့်ရှောက် နေဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း ဖြေခဲ့သည်။ ထို့အပြင် စစ်တမ်း တွင် (၆၈)ရာခိုင်နှုန်းကလည်း ၎င်းတို့သည် သဘာဝလွန် ဖြစ်ရပ်များကို တွေ့ကြုံ ခံစားဖူးကြောင်းနှင့် (၅၆)ရာခိုင်နှုန်းကမူ ၎င်းတို့ချစ်သူများ ဘ၀တစ်ပါး ပြောင်းသွားသော်လည်း အဆက်အသွယ် ရှိဆဲဖြစ်ကြောင်း ဆိုသည်။

Source: BBC

No comments