Breaking News

အပျိုစင်အမျိုးသမီးများသည် AIDS ရောဂါအား ကုသနိုင်သည်ဟု ပြည်သူများ၏ အယူသည်းမှုကြောင့် အမျိုးသမီးငယ်တို့၏ အပျိုစင်ညအား ရောင်းစားခံရ



သြဂုတ်လ ၁၈ ရက်နေ့ သတင်းအရ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော မိသားစု အတော်များများတွင် နေထိုင်မှုဘဝခက်ခဲခြင်း ၊ လူ့အဖွဲ့အစည်းတွင် အပျိုစင်များသည် ကျန်းမာရေးအတွက် အကျိုးရှိသည် ဟူသော အယူသည်းမှုကြောင့် အချို့ မိဘများသည် သမီးငယ်လေးများ၏ အပျိုစင်အား ရောင်းစားခြင်းဖြင့် အကျိုးအမြတ်များရရှိသောကြောင့် အမျိုးသမီးငယ် အများအပြားမှာ ဆောင်ကြာမြိုင်သို့ ရောက်ရှိနေကြရပြီး ပြည့်တန်ဆာအလုပ်အား ပြုလုပ်နေကြရသည်ဟု သိရှိရသည်။

ဟောင်ကောင်နိုင်ငံ (အရှေ့တိုင်းနေ့စဉ်သတင်း)ဝက်ဆိုဒ် မှ သြဂုတ်လ ၁၈ ရက်နေ့ သတင်းအရ BBCသတင်းထောက်သည် မြန်မာနိုင်ငံရန်ကုန်သို့ သွားရောက်၍ ဝတ်ရည်(အမည်ပြောင်း)ဟု ခေါ်ဆိုသော ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအား မေးမြန်းခဲ့ရာ ဖခင်ဖြစ်သူမှ နောက်မိန်းမယူပြီးနောက် ၄င်းအားပြည့်တန်ဆာ လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။

 အကြွေးများဆပ်ရန်နှင့် သူမမောင်လေးများ၏ကျောင်းစရိတ်များပေးရန် အတွက်၎င်း၏မိထွေးမှ ၄င်းအား လွန်ခဲ့သောနှစ်နှစ်ကဟောင်ကောင်ယွမ်၂ သိန်း၃သောင်း(အမေရိကန်ဒေါ်လာ ၃သောင်း၂ရာ) ခန့်ဖြင့်သူမ၏အပျိုစင်ဘဝအားကုန်သည်တစ်ဦးထံ ရောင်းစားခဲ့သည်။

 ဝတ်ရည်သည် သူမ၏မိခင်မှသူမအားရောင်းစားခဲ့သည်ဟုသိရှိပြီးနောက် တစ်ညလုံးငိုကြွေးခဲ့ရသည်ဟုဆိုသည် ။ အဆိုပါမိခင်သည် ဝတ်ရည်နာကျင်မည်စိုးသောကြောင့်ပိုက်ဆံကုန်ခံကာ ထောက်ထားညှာတာသောအားဖြင့် သူမအားထုံဆေးထိုးခြင်းအားပြု လုပ်စေခဲ့သည်။

 နောက်တစ်နေ့ဝတ်ရည်မှာထိုကုန်သည်ယောကျာ်းလေးအား တစ်နေကုန်အဖော်ပြုပေးရပြီနောက်အပျိုစင်ဘ၀ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင်ဝတ်ရည်မှာဆောင်ကြာမြိုင်တွင် အလုပ်လုပ်၍နှစ်လကြာပြီးနောက်တွင်လမ်းပေါ်တွင်ပြည့်တန်ဆာအလုပ်အားလုပ်ခဲ့သည်။

အမျိုးသမီးများ၏ထုတ်ဖော်ပြောကြားချက်များအရ အမျိုးသမီးငယ်များကိုကုန်ကူးရောင်းချရခြင်းပြည့်တန်ဆာလုပ်စေရခြင်း၏ အစမှာဆင်းရဲနွမ်းပါးခြင်းကြောင့်ဖြစ်ပြီး လူအတော်များများ၏အပျိုစင်ဘ၀သည်ကျန်းမာရေးအတွက်အကျိုးရှိပြီး AIDSရောဂါအားလည်းကုသပေးနိုင်သည်ဟု အယူသည်းမှုများကြောင့်လည်းအပျိုစင်မိန်းကလေးများမှာ ဈေးကောင်းရ၍ဈေးကွက် ရှိလာခြင်းဖြစ်သည်ဟုပြောကြားခဲ့သည် ။

ကုလသမဂ္ဂနှင့်မြန်မာနိုင်ငံအစိုးရ၏ ယခင်နှစ်၏ခန့်မှန်းချက်အရ ၄င်းဒေသ၌် ၄သောင်းမှ၈သောင်းဝန်းကျင်ခန့်မှာအသက်၁၅ နှစ်မှ ၄၉ နှစ်အရွယ် ပြည့်တန်ဆာမများဖြစ်ကြသည်ဟုသိရှိရသည်။

china.com Myanmar
http://myanmar.china.com

No comments