လိမ်ညာခဲ့တဲ့ အမျိုးသားဖြစ်သူရဲ့ ငယ်ပါကို မီးဖြင့်ရှို့
အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ် ကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတစ်ဦးဟာ သူ့အပေါ် လိမ်လည် လှည့်ဖြားခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ လိင်အင်္ဂါကို မီးဖြင့်ရှို့ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက် တစ်ခုက ဗီဒီယိုဖိုင်မှာ ဒီအဖြစ်အပျက် အစအဆုံးကို ဖော်ပြထားတာဖြစ်ပြီး ဒါကို ဒေးလီးမေးလ် သတင်းစာက ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်မှာ ဖော်ပြထားချက်အရ အမျိုးသမီးဟာ သူ့ချစ်သူ ( သို့မပာုတ် ) ခင်ပွန်းဖြစ်သူရဲ့ လိင်အင်္ဂါကို မီးဖြင့်ရှို့ခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူဟာ ခြေအိတ်တောင် မချွတ်ဘဲ နှစ်ခြိုက်စွာ အိပ်စက်နေစဉ်မှာ အမျိုးသမီးဖြစ်သူက လက်သည်း ဖျက်ဆေး အရည်ကို ဖျန်းပြီးနောက် မီးရှို့ခဲ့တာဖြစ်ပါတယ်။ ဒီနောက် အမျိုးသားဖြစ်သူဟာ အလွန်နာကျင်သွားပြီး အော်ပာစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီး ဖြစ်သူက အမျိုးသားဖြစ်သူကို ဆဲဆိုပြီး ဖောက်ပြားမှု ပြုလုပ်ခြင်းကြောင့် အခုလို လုပ်ခြင်းဖြစ်ကြောင်း အော်ပာစ် ပြောဆိုခဲ့ပါတယ်။ အမျိုးသား ဖြစ်သူဟာ အမျိုးသမီးအပေါ် တန်ဖိုးမထားဘဲ အမျိုးသမီးဖြစ်သူ သူငယ်ချင်းတွေနဲ့ ဖောက်ပြန်ခဲ့တာကြောင့် ဒီလို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ဗီဒီယိုင်ကို ကြည့်ပြီး ပြန်လည် ရေးသားထားတာကြောင့် ဘယ်အချိန်၊ ဘယ်မှာ ဖြစ်ခဲ့သလဲဆိုတာကို မသိရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေဟာ သူတို့အပေါ် သစ္စာဖောက်သူကို ရက်ရက်စက်စက် အပြစ်ပေးတတ်ပါတယ်။ ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့အပေါ် သစ္စာဖောက်သွားတဲ့ အမျိုးသားကို ကလဲ့စားချေတဲ့ အနေနဲ့ အမျိုးသား ပိုင်ဆိုင်တဲ့ apple ပစ္စည်းတွေကို ရေထဲမှာ စိမ်ကာ ဖျက်ဆီးခဲ့ဖူးကြောင်း သိရပါတယ်။
messengernewsjournal

No comments