Breaking News

ခေါင်းနှစ်လုံးနဲ့ မြွေဟောက်

တစ်ခုထက် နှစ်ခုရှိနေခြင်းက ပိုကောင်းပေမယ့် ခန္ဓာကိုယ် တစ်ခုတည်းနဲ့ ဦးခေါင်းနှစ်လုံး ရှိနေခြင်းမျိုးကိုတော့ ဘယ်သူမှ လိုချင်ကြမှာ မပာုတ်ပါဘူး။ တရုတ်နိုင်ငံမှာရှိတဲ့ မြွေဟောက် တစ်ကောင်ဟာ ခန္ဓာကိုယ် တစ်ခုတည်းမှာ ဦးခေါင်းနှစ်လုံး ပါရှိနေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
ဒီမြွေဟောက်ကို မြွေမွေးသူ တစ်ဦးက သူ့ရဲ့လယ်ကွင်းထဲမှာ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ မြွေဟောက်ပဟာ ဦးခေါင်းနှစ်လုံး ဖြစ်နေပေမယ့် (၁၀) ရက်ကြာအထိ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။ အစာမစား ရေမသောက်ဘဲ အသက်ရှည် နေတာဖြစ်ပြီး ဒီမြွေဟောက်ကို ဖမ်းမိခဲ့သူ ဟူအန်ကတော့ အသက်ရှည်ဖို့ မျှော်လင့်ထားပြီး တိရစ္ဆာန်ရုံမှာ ပြသသွားဖို့ စီစဉ်ထားပါတယ်။ ဒီမြွေဟောက်ကို တရုတ်နိုင်ငံ တောင်ပိုင်း ယီလင်မြို့မှာ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
      ဒီမြွေဟောက်ဟာ ဦးခေါင်းတစ်လုံးစီမှာ ဦးနှောက်ကိုယ်စီ ပါဝင်နေတယ်လို့ ပြောရမှာ ဖြစ်ပြီး အခြားသူတွေကို တိုက်ခိုက်ဖို့ ကြိုးစားသလို အစာရှာဖို့လည်း ပြုလုပ်လေ့ ရှိတယ်လို့ သိရပါတယ်။ (၁၀) ရက် ကျော်သွားခဲ့ပြီ ဖြစ်တာကြောင့် အရေခွံ လဲတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ဆက်ရှည်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ဦးခေါင်းနှစ်လုံးပါတဲ့ လင်းမြွေ တစ်ကောင်ကတော့ နှစ်ပေါင်းများစွာ အသက်ရှင်ဖူးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

messenger news

No comments