ဝေဖန်ခံနေရပေမယ့် နှစ်စဉ်ကျင်းပနေတဲ့ ၀က်ဖမ်းပွဲ
တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီပွဲတော်ကို နှစ်သက်ခြင်း မရှိဘဲ ဝေဖန်မှုတွေ ပြုလုပ်နေပေမယ့် နှစ်စဉ် ကျင်းပနေတာကြောင့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒီပွဲတော်ဟာ တိရစ္ဆာန်တွေကို နှိပ်စက်ရာ ရောက်နေကြောင်း ထောက်ပြနေပေမယ့် ဒေသခံတွေကတော့ ဒီပွဲတော်ကို (၃၇) ကြိမ်မြောက် အဖြစ် ကျင်းပခဲ့ပါတယ်။ ပွဲတော် အမည်ကတော့ ၀က်ဖမ်းပွဲတော် ဖြစ်ပါတယ်။ ၀က်ဖမ်းပွဲ ဖြစ်တာကြောင့် ၀က်တွေကို အလွယ်တကူ မဖမ်းနိုင်အောင် ပြုလုပ်ထားပါတယ်။
မွေးမြူရေးခြံမှာ ၀က်တွေကို ထည့်ပြီး လိုက်လံ ဖမ်းဆီးရတာဖြစ်ပါတယ်။ ၀က်တွေ ကတော့ အရွယ်အစား ကြီးမာခြင်း မရှိဘဲ လူတစ်ယောက် ဖမ်းနိုင်တဲ့ အရွယ်အစားလောက်ပဲ ရှိပါတယ်။ ၀က်တွေကို မွေးမြူရေးခြံထဲက ရွှံ့တွေထဲမှာ ထည့်ထားတာကြောင့် ဖမ်းရတာ အလွန်ခက်ပါတယ်။ ၀က်တစ်ကောင်ကို ဖမ်းနိုင်ဖို့ ခွန်အားအပြင် ဦးနှောက်ကိုပါ သုံးရပါတယ်။ ၀က်တွေကို လိုက်လံဖမ်းဆီးတဲ့ မြင်ကွင်းဟာ ရယ်စရာ ကောင်းလွန်းတာကြောင့် လာရောက် ကြည့်ရှုသူ (၆၀၀၀) ကျော်ရှိပါတယ်။ ၀က်တွေကို ဖမ်းနိုင်ခဲ့ပေမယ့် ၀င်ရောက် ယှဉ်ပြိုင်သူတွေဟာ တစ်ကိုယ်လုံး မြင်မကောင်း အောင် ညစ်ပေသွားခဲ့တယ်လို့ သိရပါတယ်။
တိရစ္ဆာန်အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတစ်ဦးက မိမိတို့အနေဖြင့် ခွေးတွေကိုတောင် ပြုစု စောင့်ရှောက် နေခြင်းကြောင့် ခွေးထက် ဉာဏ်ရည်မြင့်မားတဲ့ ၀က်တွေကို အခုလိုမျိုး မလုပ်သင့်ကြောင်း ဟြေကြားခဲ့ပေမယ့် ဒေသခံ တွေကတော့ ဂရုစိုက်ခဲ့ခြင်း မရှိပါဘူး။ ဒီပွဲတော်ကို ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့ရဲ့ မိုင် (၁၆၀)အကွာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=42431

No comments