ရဟတ်ယာဉ် (၄) စင်း သုံးခဲ့တဲ့ မင်္ဂလာပွဲ
သြစတြေးလျ နိုင်ငံမှာ ကျင်းပ ပြုလုပ် ခဲ့တဲ့ မင်္ဂလာပွဲ တစ်ပွဲဟာ ဂုဏ်ပကာသနတွေ များလွန်း ခဲ့တာကြောင့် ပတ်ဝန်းကျင် အတွက် အနှောင့်အယှက် ဖြစ်ခဲ့ပြီး မကျေမနပ် ဖြစ်ခဲ့သူတွေ အများအဟြး ရှိခဲ့ကြောင်း သိရပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ မင်္ဂလာပွဲ ကျင်းပရာမှာ ကားတွေ၊ ဆိုင်ကယ်တွေ အပြင် ရဟတ်ယာဉ် လေးစီးကိုပါ အသုံးပြု ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီလို အသုံးပြုရာမှာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို ဆွေးနွေး ဆောင်ရွက် ခဲ့ခြင်း မရှိတာကြောင့် ယာဉ်ကြော ပိတ်ဆို့မူတွေ ဖြစ်ကုန်တယ်လို့ သိရ ပါတယ်။
ဆစ်ဒနီမြို့၊ ဆင်ခြေဖုံး ရပ်ကွက်ထဲမှာ နေထိုင်တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် ဆာလင်မဟာဂျာဟာ ထင်ရှားကျော်ကြားသူတွေ ပုံစံ မင်္ဂလာပွဲကို ကျင်းပ ပြုလုပ်ခဲ့တာကြောင့် အိမ်နီးချင်းတွေ ကတော့ မကျေမနပ် ဖြစ်ခဲ့ ပါတယ်။
ဒါပေမဲ့ မဟာဂျာကတော့ သြစတြေးလျ နိုင်ငံရဲ့ အကောင်းဆုံး လက်ထပ် မင်္ဂလာပွဲကို ကျင်းပ ပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဟြေကြား ခဲ့ပါတယ်။ မဟာဂျာဟာ မင်္ဂလာယာဉ်တန်းကို ဒေါ်လာ သန်း (၅၀) တန်ဖိုးရှိတဲ့ မော်တော်ယာဉ်တွေကို အသုံးပြု ခဲ့တဲ့ အပြင် ဆိုင်ကယ် ၀ါသနာရှင်တွေကို အကူအညီ တောင်းပြီး ဆိုင်ကယ် မျိုးစုံကို အိမ်ရှေ့မှာ ရပ်စေ ခဲ့ပါတယ်။ ဒီနောက် ရဟတ်ယာဉ် လေးစီးကို ကောင်းကင်ယံမှာ ပျံသန်း စေခဲ့ ပါတယ်။
မင်္ဂလာပွဲဟာ သမ္မတ လုံခြုံရေး ဆောင်ရွက် နေသလိုမျိုး ဖြစ်နေတာကြောင့် အမြင်မကြည်မှုတွေ ရှိလာ ခဲ့ပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ ပတ်ဝန်းကျင်ကိုသာ အနှောင့်အယှက် ဖြစ်စေကြောင်း သုံးသပ် ခဲ့ပေမယ့် မဟာဂျာကတော့ မင်္ဂလာပွဲကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ ပါတယ်။
အဖိုးတန်ကားတွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုခြင်းဟာ ပျော်ရွှင်မူ ရရှိ စေဖို့ ရည်ရွယ်ချက်သာစေပြီး စိတ်အနှောင့်အယှက် ဖြစ်စေဖို့ မရှိကြောင်း ပြန်ဖြေရှင်းချက် ပေးခဲ့ ပါတယ်။ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း မည်သူမှ သတင်းပေးခဲ့ခြင်း မရှိတာကြောင့် တိုင်ကြားမှုတွေ အများအဟြး လက်ခံ ရရှိခဲ့ကြောင်း ဟြေကြား ခဲ့ပါတယ်။ မင်္ဂလာပွဲမှာ ဖာရာရီ၊ လမ်ဘော်ဂီနီ ကားတွေ သုံးခဲ့တာကြောင့် ဖုန်းနဲ့ မှတ်တမ်းတင်သူတွေ အများအဟြး ရှိခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့ သွားခဲ့ ပါတယ်။ မဟာဂျာဟာ ပြီးခဲ့တဲ့ နှစ်တွေကလည်း အငြင်းပွားဖွယ်ရာတွေ ပြုလုပ်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရ ပါတယ်။
messengernewsjournal

No comments