မဖွယ်မရာ ဆေးမင်ကြောင်ကြောင့် မိသားစုကို ဆုံးရှုံးခဲ့
အင်္ဂလန်နိုင်ငံသား တစ်ဦးဟာ မဖွယ်မရာ ဆေးမင်ကြောင်တွေ ထိုးခဲ့တာကြောင့် မိသားစုကိုပါ ဆုံးရှုံးလိုက်ရကြောင်း သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုးထားတဲ့ ဆေးမင်ကြောင်ဟာ မြင်တွေ့ရသူကို ထိတ်လန့် သွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ထိုးထားတဲ့ ဆေးမင်ကြောင်က အမျိုးသား တန်ဆာပုံ ဖြစ်ပြီး သူငယ်ချင်း ဖြစ်သူနဲ့ အရက် မူးလွန်ပြီး ထိုးခဲ့တာ ဖြစ်ပါတယ်။
ဒီဆေးမင်ကြောင်ကြောင့် ဇနီးဖြစ်ရဲ့ ထားရစ်ခြင်းကို ခံလိုက် ရပါတယ်။ အသက် (၃၄) နှစ် ရှိပြီ ဖြစ်တဲ့ စတူးအပ်ဟာ အရက်သောက်ပြီး အပျော်သဘောနဲ့ ဆေးမင်ကြောင် ထိုးရာမှာ ပေါက်ပေါက်ရှာရှာပုံ ထိုးမိ ခဲ့ခြင်း ဖြစ်ပါတယ်။ အရက်မူးပြေသွားတဲ့ အခါမှာ စတူးအပ်ဟာ ပေါင်မှာ ထိုးထားတဲ့ ခြောက်လက်မကျော် ရှိတဲ့ အလွန် ကြည့်ရ ဆိုးတဲ့ အမျိုးသား တန်ဆာပုံကို ထိုးလိုက်မှန်း သိခဲ့ရတာ ဖြစ်ပါတယ်။ စတူးအပ်မှာ သုံးနှစ် အရွယ် သမီးကလေး ရှိပါတယ်။
စတူးအပ် ထိုးထားတဲ့ ဆေးမင်ကြောင်ကို ဇနီးဖြစ်သူ အသက် (၃၅)နှစ် အရွယ် ဆမန်သာ သိပြီးတဲ့နောက် စိတ်ဓာတ် ကျသွား ခဲ့ပါတယ်။ မိသားစုနဲ့ အတူ ပင်လယ်ကမ်းခြေကို သွားတဲ့ အခါ စတူးအပ် အနေနဲ့ သမီးရှေ့မှာ ဘယ်လို မျက်နှာ ပြရမလဲဆိုတာ တွေးပူ ခဲ့ပါတယ်။ စတူးအပ်ဟာ ဆေးမင်ကြောင် ထိုးတာ ၀ါသနာ ပါပေမယ့် အရက်မူးလွန်ပြီး သူငယ်ချင်း ဖြစ်သူရဲ့ စနောက်ပြီး ထိုးလိုက်တဲ့ ဆေးမင်ကြောင့် င့် ဇနီးဖြစ်သူက ထားရစ်ဖို့ အကြောင်း ဖြစ်လာ ခဲ့ပါတယ်။ စတူးအပ်ဟာ သူ့အမှားတွေကို ဘယ်လို တောင်းပန် ရမလဲ ဆိုတာ မတွေးတတ်အောင် ဖြစ်ခဲ့ပါတယ်။ ဇနီး ဖြစ်သူဟာ နံနက်အိပ်ရာက နိုးတဲ့ အခါ စတူးအပ်ရဲ့ ဆေးမင်ကြောင်ကို ကြည့်ပြီး အလန့်တကြား အော်ခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ စတူးအပ်ဟာ ဆေးမင်ကြောင်ကို ပြန်ဖျက်ဖို့ ကြိုးစား သွားမှာ ဖြစ်ပေမယ့် ဇနီးဖြစ်သူရဲ့ အပြစ်ပေးမှုက ထိုက်တန်မူ ရှိကြောင်း ၀န်ခံ ဟြေကြား ခဲ့ပါတယ်။ စတူးအပ်ရဲ့ ဇနီးဖြစ်သူ ဆမန်သာဟာ အရင် အိမ်ထောင်နဲ့ ကလေး သုံးဦးရှိ ထားပါတယ်။ ဆမန်သာဟာ မိသားစုလိုက် အပျော်ခရီး သွားဖို့ စီစဉ်ထားတာ ဖြစ်ပြီး ခရီးစဉ် မတိုင်မီမှာ ဆိုးရွားတဲ့ အပြုအမူ ပြုလုပ် ခဲ့တဲ့ စတူးအပ်ကို ဒေါသထွက်ပြီး အပြီးတိုင် စွန့်လွှတ်ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။
messengernewsjournal
No comments