Breaking News

တစ်နှစ်ကို အကြိမ်ရေသန်းနဲ့ချီ မိုးကြိမ်အပစ်ခံရတဲ့နေရာ

တစ်နှစ်ကို အကြိမ်ရေသန်းနဲ့ချီ မိုးကြိမ်အပစ်ခံရတဲ့နေရာ




ဗင်နီဇွဲလားမှာရှိတဲ့ ကာတာတမ်ဘိုမြစ်ဟာ နှစ်စဉ်မိုးကြိုးမုန်တိုင်း များစွာဖြစ်ပေါ်လေ့ရှိပြီး တစ်နှစ်ကို ပျှမ်းမျှအကြိမ်ရေ ၁.၂ သန်းလောက်မိုးကြိုးပစ်လေ့ရှိပါတယ်။ မိုးကြိုးပစ်၊ လျှစ်စီးလက်တာတွေကို ဓါတ်ပုံရိုက်ချင်၊ ကြည့်ချင်တဲ့ခရီးသွားတွေအတွက်တော့ ဆွဲဆောင်မှုအားကောင်းတဲ့ နေရာဖြစ်ပါတယ်။

ကာတာကမ်ဘိုမြစ်ရှိတဲ့ဒေသမှာ တစ်နှစ်ကို မုန်တိုင်းဖြစ်တဲ့အကြိမ်ရေဟာ ၂၆၀ လောက်ရှိပါတယ်။ မုန်းတိုင်းဖြစ်နေပြီဆိုရင် မြစ်ရဲ့ကောင်းကင်ထက်မှာ တစ်မိနစ်ကို ၂၈ ကြိမ်လောက် မိုးကြိမ်ပစ်လေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ မိုးကြိုးအပစ်ဆုံးနေရာအဖြစ် ဂင်းနစ်စံချိန်ထဲ ထည့်သွင်းထားရတဲ့နေရာလည်းဖြစ်ပါတယ်။ ဒီဒေသမှာ ဘာကြောင့်မိုးကြိုးဒီလောက်ပစ်ရလဲဆိုတာကို ရှင်းပြတဲ့ သီအိုရီများစွာရှိပေမယ့် တိကျခိုင်မာတဲ့ အဖြေတော့ ထွက်မလာသေးပါဘူး။ တစ်ချို့ကလည်း မြစ်ဝှမ်းဒေသမှာတိုက်ခတ်တဲ့လေပြင်းတွေဟာ မြစ်အထက်မှာရှိတဲ့ အန်ဒင်းတောင်တန်းနဲ့သွားတွေ့တဲ့အခါ အခုလိုမိုးကြိုးမုန်တိုင်းတွေဖြစ်လာစေတယ်လို့ ဆိုပါတယ်။ တစ်ချို့ကလည်း နုန်းမြေများတဲ့ ဒီမြစ်ဟာ မီသိန်းဓါတ်ငွေ့တွေ ထုတ်လွှတ်တာကြောင့်လို့ ဆိုပါတယ်။

လျှစ်စီးမြစ်လို့ ဒေသခံတွေခေါ်ကြတဲ့ ကာတာကမ်ဘိုမြစ်ပေါ်မှာ မိုးကြိုးပစ်၊ လျှစ်စီးလက်ပြီဆိုရင် မိုင်ပေါင်း ၂၅၀ အကွာလောက်ကတောင်မြင်ရပါတယ်။ မိုးကြိုးတွေဟာ ဗင်နီဇွဲလားသမိုင်းမှာ အရေးပါတဲ့အရာဖြစ်ပါတယ်။ ၁၅၉၅ ခုနှစ်တုန်းက ညဥ့်အချိန်တိတ်တဆိတ်အလစ်တိုက်ခိုက်ဖို့ ရောက်လာတဲ့ စပိန်စစ်သားသင်္ဘောတွေကို ရုတ်တရက်ပင်လယ်ထဲမှာ မြင်လိုက်ရတာ လျှစ်စီးလက်လိုက်လို့ဖြစ်ကြောင်း မှတ်တမ်းတွေရှိပါတယ်။

source - CCTV
 planet.com.mm

No comments