Breaking News

အပြာကား အကြည့်များလေ အိပ်ခန်းတွင်း စွမ်းဆောင်ရည် နည်းလေ



          အပြာကား များများကြည့်လေ အိပ်ခန်းတွင်း လက်တွေ့စွမ်းဆောင်ရည် နည်းလေလေ ဖြစ်ကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြ ထားသည်။
          အပြာကား ကြည့်ခြင်းကြောင့် လိင်စိတ်ကြွစေပြီး ချစ်သူနှစ်ဦးကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်စေကြောင်း ပြောဆိုမှုများ ရှိခဲ့သော်လည်း ယခု ထုတ်ပြန်လိုက်သော လေ့လာမှုတစ်ခု အရဆိုလျှင် အပြာကား အကြည့်များလာပါက ကြည့်ရှုသူသည် အပြာဇာတ်လမ်းများကြောင့် ထုံသွားပြီး လက်တွေ့တွင် လိင်စိတ်လျော့ကျ သွားတတ်ကြောင်း သိခဲ့ရပြီဖြစ်သည်။

          လိင်ဆက်ဆံခြင်းနှင့် အပြာကားများ ကြည့်ရှုသည့် အခါတိုင်း ဦးနှောက်သည် သာယာမှုနှင့်ဆိုင်သော ဒိုဖာမင်းဓာတ်ကို ထုတ်ပေးရလေ့ ရှိသည်။ ဦးနှောက်သည် ဒိုဖာမင်းဓာတ်ကို အကြိမ်ကြိမ် ထုတ်ပေးရပါက လူ့ခန္ဓာကိုယ်သည် ယင်းဓာတ်ကို ရိုးသွားပြီး တော်ရုံတန်ရုံဖြင့် လိင်စိတ် မကြွဘဲ ရှိတတ်သည်။
          အပြာကားများကို ပုံမှန်ကြည့်ခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများကို များစွာတုံ့ပြန်နိုင်ခြင်း မရှိတော့ကြောင်း ၂၀၁၄ ခုနှစ် တွင် JAMA စိတ်ကုပညာဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုတွင် ရေးသားထားသည်။
          ဦးနှောက်သည် ယခင်လို စိတ်ကြွမှုရှိ လာစေရန် ဒိုဖာမင်းဓာတ်ကို ပိုလိုအပ်လာတတ်ပြီး အကျိုးဆက်အဖြစ် အပြားကားကို ပိုကြည့်ရှုလာတတ်ကြောင်း ဂျာမနီ သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။ ဒိုဖာမင်းများများ ထုတ်ပေးရမှုကြောင့် အပြာကား ကြည့်သူသည် အလွန်အမင်း နှိုးဆွမှုပါမှသာ စိတ်ကြွနိုင်တောကြောင်း ယနေ့စိတ်ပညာဂျာနယ်၌ ဖော်ပြခဲ့သည့် လေ့လာမှု တစ်ခုတွင်လည်း ဖော်ပြထားသည်။
          အပြာဇာတ်လမ်းများကြောင့် အိပ်ခန်းတွင်း အသုံးမ၀င်သည့် လူငယ်များ များပြားလာခဲ့ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ အပြာကား ကြည့်တတ်သည့် အမျိုးသားများ၏ ဦးနှောက်ရှိ လှုံ့ဆော်မှု ဆိုင်ရာအပိုင်းသည် ကျုံ့သွားတတ်ကြောင်း ကိုလည်း ဂျာမန်ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့သည်။

Source:DM
messengernewsjournalmessengernewsjournal

No comments