စက်မှုပြပွဲမှာ လူစိတ်ဝင်စားအောင် ရင်သားကို ဆေးရောင်ခြယ်ပြီး ပြသမှုပြုလုပ်
တရုတ်နိုင်ငံမှာရှိတဲ့ စက်မှုပြပွဲမှာ ထူးခြားတဲ့ အပြုအမူကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စက်မှုပြပွဲမှာ လူအများအပြား လာရောက်ဖို့ အမျိုးသမီး မော်ဒယ် နှစ်ဦးဟာ ကိုယ်ခန္ဓာမှာ ဆေးရောင် ခြယ်သခြင်းကို ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရာမှာ အမျိုးသမီး နှစ်ဦး၏ ကိုယ်ခန္ဓာအပေါ်ပိုင်းကို အ၀တ်အစား ၀တ်ဆင်စေခြင်း မရှိဘဲ ကိုယ်ဗလာကျင်း အနေအထားကို ဆေးရောင် ခြယ်သမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆေးရောင်ခြယ်ရာမှာ ရင်သား တစ်ဝိုက်ကို အဓိက ခြယ်ခဲ့တာ ဖြစ်ပြီး လာရောက်သူတွေ စိတ်ဝင်စားမှု ရရှိစေဖို့ တမင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကိုယ်ခန္ဓာကို ဆေးရောင်ခြယ်ပြီး အနုပညာ ဖန်တီးမှု ပြုလုပ်တာ မဆန်းပေမယ့် တရုတ်နိုင်ငံမှာတော့ အထူးအဆန်း ဖြစ်ခဲ့ပါတယ်။
ခန္ဓာကိုယ်ကို ဆေးရောင်ခြယ်သ ထားပေမယ့် ပကတိ အလှတရားတွေကိုတော့ ဖုံးကွယ်လို့ မရပါဘူး။ ဒါကြောင့် ၀င်ရောက် ပြသခဲ့တဲ့ အမျိုးသမီးမော်ဒယ် နှစ်ဦးဟာ သူတို့ရဲ့ မျက်နှာတွေကို ပြသ ခဲ့ခြင်း မရှိပါဘူး။ စက်မှုပြပွဲမှာ ပြခန်းပေါင်း (၄၀၀) ကျော်ရှိပေမယ့် ခန္ဓာကိုယ် အပေါ်ပိုင်းကို ဆေးခြယ်ထားတဲ့ ပြခန်းကတော့ အစည်ကားဆုံး ဖြစ်ခဲ့ပါတယ်။ ဒီပြပွဲကို တရုတ်နိုင်ငံ၊ Zhengzhou မြို့မှာ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ဖုန်စုပ်စက် အရောင်း ပြခန်းက ထူးထူးခြားခြား ပြကွက်နဲ့ လာရောက် ကြည့်ရှုသူတွေကို ဖမ်းစားခဲ့တာ ဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေဟာ ဖုန်းကိုယ်စီနဲ့ အလုပ်ရူပ် နေခဲ့ကြတယ်လို့ သိရပါတယ်။
messengernewsjournal
No comments