Breaking News

ဦးနှောက်ဝေဒနာ ခံစားနေရတဲ့ သမီး(၃)ဦးကို အကင်ရောင်းပြီး စောင့်ရှောက်နေတဲ့ မိခင်




              တရုတ်နိုင်ငံ၊ Heilongjiang   အရပ် ဒေသမှာ နေထိုင်တဲ့ အသက် (၂၇) နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ ဦးနှောက် ရောဂါဝေဒနာ တစ်မျိုး ခံစား နေရတဲ့ သမီးသုံးဦး ကို အကင်ရောင်းပြီး ကျွေးမွေး ပြုစုစောင့် ရှောက်နေရတယ်လို့ သိရပါတယ်။  သမီး သုံးဦးဟာ အမြွာတွေ ဖြစ်ကြပြီး  ၂၀၁၂ ၊ ဇန်န၀ါရီမှာ မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။ သမီး သုံးဦးဟာ မွေးရာပါ ဦးနှောက် ဝေဒနာခံစား ရတာ ဖြစ်ပြီး ဆေးကုသမှုတွေ ပြုလုပ် ပေးနေပေမယ့် သက်သာ ပျောက်ကင်းခြင်း မရှိပါဘူး။ ဒါကြောင့် မိခင်ဖြစ်သူဟာ လိုအပ်တဲ့ ဆေးဖိုး ရရှိဖို့ အကင် ရောင်းနေရခြင်း ဖြစ်ပါတယ်။
          သမီးသုံးဦး ဆေးကုသနိုင်ဖို့ အကင် ရောင်းချနေတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာကို ပတ်ဝန်းကျင်က သိရှိသွားပြီးနောက် ကူညီမှုတွေ ပေးခဲ့ ကြပါတယ်။ ခင်ပွန်းဖြစ်သူကလည်း ကလေးတွေကို ထားရစ်ပြီး ထွက်ခွာ ခဲ့တာကြောင့် သနားစရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိသားစု အကြောင်းကို မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ရေးသား ဖော်ပြခဲ့ရာ ကူညီလိုသူတွေ အများအပြား ရှိခဲ့ပါတယ်။ လိုအပ်တဲ့ အကူအညီတွေ ရရှိ ခဲ့တာကြောင့် ဘေဂျင်းမြို့ကို သွားရောက်ပြီး ဆေးကုသမှု ပြုလုပ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

messengernewsjournal

No comments