Breaking News

အဘိုး၊အဘွားကို သတ်ပြီး မြေးဖြစ်သူ (၂)နှစ်သမီးလေးကို မုဒိမ်းကျင့်သူ ထောင်ဒဏ် (၃၅၉)နှစ်ကျပြီ


(၂)နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်ခဲ့သူအား ထောင်ဒဏ် (၃၅၉)နှစ်ချမှတ်

အသက် (၂)နှစ်အရွယ် မိန်းကလေး တစ်ဦးကို မုဒိမ်းကျင့်ပြီး မိန်းကလေးဖြစ်သူရဲ့ အဘိုးနဲ့ အဘွားကိုပါ သတ်ဖြတ်ခဲ့သူကို တရားရုံးတော်က ထောင်ဒဏ် ( ၃၉၅)နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ အသက် (၂၆)နှစ် အရွယ်ရှိ ဂျယ်ရီအက်တစ်ဟာ သူ့ကိုယ်သူ အပြစ်ကင်းစင်သူ အဖြစ် ယူဆထားပြီး ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို တရားမျှတမှု မရှိဘူးလို့ ယူဆထားတာကြောင့် အယူခံတင်သွင်းဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ တရားရုံးတော်က ဂျယ်ရီအက်တစ်ဟာ အလွန် အန္တရာယ်များသူ ဖြစ်တာကြောင့် ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း အမိန့်ကြေညာချက်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု အလက်ဆကာမှာ နေထိုင်တဲ့ ဂျယ်ရီအက်တစ်ဟာ ၂၀၁၃ မေလမှာ ဒီဖြစ်ရပ်ကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဂျယ်ရီအက်တစ်ဟာ အသက် (၇၁) နှစ်နဲ့ အသက် (၇၃)နှစ် အဘိုး၊ အဘွားနှစ်ဦးကို သတ်ဖြတ်ပြီး အသက် (၂)နှစ် အရွယ် မြေးဖြစ်သူကို မုဒိမ်းမှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားပြီးနောက် တာဝန်ကျ ရဲတစ်ဦးက မိမိ မြင်တွေ့ဖူးသမျှတွင် အဆိုးရွားဆုံး ရာဇ၀တ်မှု ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဂျယ်ရီအက်တစ်ဟာ စွဲချက် (၁၀)ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး လူသတ်မှု၊ မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှု၊ ဓားပြမှု စတာတွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ ရဲ့ ဟြေကြားချက်အရ ဂျယ်ရီအက်တစ်ဟာ အသက် (၉၀)နှစ် အရွယ် အဘွားအို တစ်ဦးကိုလည်း လိင်အကြမ်းဖက်မှု ပြုလုပ်ခဲ့တာကြောင့် အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။ ဂျယ်ရီအက်တစ်ဟာ ၂၀၀၉ ကလည်း ပတ်ဝန်းကျင်က ကလေးငယ်တွေကို လိင်မှုကိစ္စ ပြုလုပ်ဖို့ ကြံစည်ခဲ့တာကြောင့် အကျဉ်းကျဖူးသူ ဖြစ်ကြောင်း သိရပါတယ်။

The Messenger

No comments