ဂျာမန်ကျွန်းပေါ်မှ ပုလင်းထဲထည့်ထားသည့် ကမ္ဘာ့ရှေးအကျဆုံး သတင်းစကား မက်ဆေံခ်ျတွေ့ရှိ
ဂျာမနီကမ်းခြေတစ်ခုပေါ်တင်လာသည့် ပုလင်းတစ်လုံးထဲမှ သတင်းစကားမက်ဆေ့ခ်ျမှာ ယင်းအမျိုးအစားတွင် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးဖြစ်သည်ဟု သိပ္ပံပညာရှင်များ ကပြောကြားခဲ့သည်။ ဧပြီလ မြောက်ပင်လယ်အတွင်းရှိ အမ်ရမ်ကျွန်း ကမ်းခြေတွင် အမျိုးသမီးတစ်ယောက်က လမ်းလျှောက်ထွက်ရင်း ပုလင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပုလင်းထဲတွင် ထည့်သွင်းထားသည့် ပို့စကတ်က ပုလင်းကိုတွေ့ရှိသူအား ဗြိတိန်နိုင်ငံ ပင်လယ်ဇီဗေဒအသင်းကြီးသို့ ပို့ဆောင်ပေးရန် တောင်းဆိုထားသည်။ ဂျာမန်၊ ဒတ်ခ်ျ၊ အင်္ဂလိပ်ဘာသာများဖြင့်ရေး သားထားသည့် သတင်းစကားမက်ဆေ့ခ်ျထဲတွင် ပုလင်းကို ပြန်ပို့သည့်ပုဂ္ဂိုလ်အား ဆုကြေး တစ်လျှီလင်ပေးမည်ဟုလည်း ကတိပြုထားသည်။
အသင်းကြီး၏ပြောကြားချက်အရ ၁၉၀၀ခုနှစ်အစောပိုင်းကာလများအတွင်းက ထင်ရှားကျော်ကြားသည့် သုတေသီ ဂျော့ ပါကား ဘစ်ဒါးက သမုဒ္ဒရာရေစီးကြောင်းများနှင့် ပတ်သက်သည့် သုတေသန၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မျောလွှတ်လိုက်သည့် ပုလင်းတစ်လုံးဖြစ်သည်ဟု ဆိုသည်။
ဘစ်ဒါးက ၁၉၀၄နှင့် ၁၉၀၆ခုနှစ်များအတွင်း ပုလင်းပေါင်း ၁၀၀၀ခန့် မျောခဲ့သည်ဟု ဆိုသည်။ ပုလင်းများကို ပင်လယ်ရေမျက်နှာပြင်ထက်တွင် ပေါလောပေါ်နိုင်အောင် ဒီဇိုင်းထုတ်ထားသောကြောင့် ရေနက်ပိုင်း ပယ်လယ်ရေစီးကြောင်းများက သယ်ဆောင်သွားနိုင်သည်ဟု ဆိုသည်။
ပုလင်းထဲမှ သတင်းစကားမက်ဆေ့ခ်ျကို ကမ္ဘာ့ရှေးအကျဆုံးအဖြစ် သတ်မှတ်ရန် ဗြိတိန် ပင်လယ်ဇီဝဗေဒအသင်းကြီးက ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ကြီးသို့ အဆိုပြုတင်သွင်းသွားမည်ဖြစ်သည်ဟု ဆိုသည်။
လက်ရှိဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့ရှေးအကျဆုံး သတင်းစကားမက်ဆေ့ခ်ျမှာ ၂၀၁၃ခုနှစ် ဇူလိုင်လက ရှက်တလင်းကျွန်းများ၏ အနောက်ဘက်တွင် တွေ့ရှိခဲ့သည့် သတင်းစကားမက်ဆေ့ခ်ျဖြစ်ပြီး ၉၉နှစ်နှင့် ၄၃ရက်အလွန်က ရေးသားခဲ့သည့် သတင်စကားဖြစ်သည်ဟုဆိုသည်။
-mizzimaburmese
No comments