မဟာသန္တိသုခကျောင်းတိုက်မှ ဖယ်ရှားရန် မဟနဆုံးဖြတ်ချက်စာပါ အချက်သုံးချက် တရားရုံးတင်သွင်းခွင့်လျှောက်ထားရာ တရားသူကြီးပယ်ချ
ရန်ကုန်− အမှုရင်ဆိုင်နေရသော သံဃာငါးပါးက ၎င်းတို့ကျောင်း တိုက်မှဖယ်ရှားရန်အတွက် ဇွန်လ ၁၀ ရက်တွင် မဟနကပြုလုပ်သော အရေးပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက်စာပါ အချက်သုံးချက်ကို တရားရုံးသို့ တင်ခွင့်လျှောက်ထားရာ တရားသူကြီးက ပယ်ချလိုက်ကြောင်း အင်္ဂလန်ဆရာတော်ဦးဥတ္တရက မိန့်သည်။တာမွေတရားရုံးတွင် အမှု တွဲမရှိသောကြောင့် စစ်ဆေးနိုင် ခြင်းမရှိသည့် သံဃာငါးပါး၏ အမှုရှစ်ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာ ၁၂ ရက်က စစ်ဆေးခဲ့ပြီး တရားရုံးမှ ပြန်အထွက်တွင် ဆရာတော်က မိန့်သည်။
မဟာသန္တိသုခကျောင်း တိုက်မှ သံဃာငါးပါးတရားရင် ဆိုင်နေရသော ပုဒ်မ ၂၀/၉၀ အမှုတွဲသည် ခရိုင်တရားရုံးသို့ ရောက်ရှိနေပြီး ပုဒ်မ ၂၉၅(က) အမှုတွဲသည် တရားရုံးချုပ်တွင် ရောက်ရှိနေသောကြောင့် တရား ရင်ဆိုင်နေရသော တာမွေမြို့နယ် တရားရုံးက ယခင်ရုံးချိန်းများတွင် စစ်ဆေးနိုင်ခြင်းမရှိခဲ့ရာမှ ထိုအမှု တွဲ တာမွေတရားရုံးသို့ ပြန်လည်ရောက်ရှိလာသဖြင့် စက်တင်ဘာ ၁၂ ရက်က စတင်စစ်ဆေးခြင်း ဖြစ်သည်။
‘‘အစည်းအဝေးဆုံးဖြတ် ချက်စာထဲမှာ နံပါတ်တစ်အချက် က မဟနဆရာတော်ဥက္ကဋ္ဌကိုယ် တိုင်က သံဃာတော်တွေအစည်း အဝေးမှာ သံဃာ ၃၀ က မဟာ သန္တိသုခကျောင်းတိုက်မှာ တုတ် တွေ၊ ဓားတွေနဲ့ရှိနေတယ်။ အဲဒါ ကြောင့် အရေးယူဖို့လိုအပ်နေ တယ်လို့ ပြောတယ်။ ဘယ်သူက ပြောလဲလို့မေးတဲ့အခါကျတော့ ဒကာတစ်ယောက်နဲ့ သီတဂူက လာလျှောက်တယ်လို့ ပြောတယ်။ နံပါတ်နှစ်အချက်ကဦးအံ့မောင် ကိုယ်တိုင် အစည်းအဝေးမှာတက် ရောက်ပြီးတော့ ၂၀/၉၀ နဲ့ အရေး ယူဖို့တင်ပြတယ်။ နံပါတ်သုံး အချက်က ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးမြင့်ဆွေကိုင်တိုင် ၁၁ ရက်နေ့နောက်ဆုံး အရေးယူပေးပါ့မယ်လို့ပါတယ်။ အဲဒီစာသုံးချက်ကို ဘုန်းကြီးတို့ကတင်တာ။ တရားသူကြီးက လက်မခံဘူး။ လက်မခံဘူးဆိုတော့ လက်ခံတဲ့ တရားရုံးထိဘုန်းကြီးတို့ရှာမယ်’’ ဟုရုံးချိန်း ထုတ်စစ်ဆေးအပြီးတွင် အင်္ဂလန်ဆရာတော်ဦးဥတ္တရက မီဒီယာများအား မိန့်ကြားသည်။
သီတဂူက တိုင်တန်းသည် ဟု ပြောဆိုသောကြောင့် သီတဂူ ဆရာတော်ကြီးဟုတ်၊ မဟုတ် အင်္ဂလန်ဆရာတော်အားမေးမြန်း ရာ သီတဂူဆရာတော်ကြီးသာ ဖြစ်ကြောင်း အတည်ပြုမိန့်ကြား သည်။
အမှုရင်ဆိုင်နေရသော အင်္ဂ လန်ဆရာတော်ဦးဥတ္တရသည် လာမည့် ဩဂုတ် ၂၂ ရက်တွင် မြန်မာနိုင်ငံ၌ နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ဗီဇာသက်တမ်းတိုးရန်ပြုလုပ်ထားကြောင်း ဆရာတော်ကမိန့်သည်။
မဟာသန္တိသုခကျောင်း တိုက်တွင် သီတင်းသုံးနေသော အင်္ဂလန်ဆရာတော်အပါအဝင် သံဃာငါးပါးကို ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ညက ဖမ်းဆီးပြီး ဇွန်လ ၁၃ ရက်တွင် လူဝတ်လဲ၍ တာမွေ မြို့နယ် တရားရုံး၌ ရုံးထုတ်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ သည်။ ဇွန်လ ၂၀ ရက်တွင် ဖမ်း ဆီးခံသံဃာတော်များကို ရုံးချိန်း ထုတ်စစ်ဆေး၍ အာမခံပေးကာ သင်္ကန်းပြန်ဆီးခွင့်ပေးခဲ့သည်။
Credit: 7 Day Daily

No comments