Breaking News

ထူးခြားသော ပြကွက်

     
အမျိုးသမီးတစ်ဦး ကိုယ်ခန္ဓာပိုင်း ပြတ်နေတဲ့ မြင်ကွင်းကို ဖန်တီးရာမှာ အသက်ဝင်ခဲ့တာကြောင့် ချီလီပန်းချီဆရာ ဒီနာ မာကာပိုကွီဟာ လူမှုကွန်ယက်မှာ ထင်ရှားသူ ဖြစ်လာခဲ့ပါတယ်။ ပန်းချီနဲ့ ဓာတ်ပုံပညာ ပေါင်းစပ်ပြီး ဖန်တီးထားတာ ဖြစ်ပြီး အသက်ဝင်လွန်းတာကြောင့် စိုးရိမ် ကြောက်လန့်စိတ်တွေတောင် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီနာမာကာပိုကွီဟာ ပန်းချီကား များစွာကို ရေးဆွဲခဲ့သူဖြစ်ပြီး အကောင်းဆုံး ဖန်တီးမှုတွေ လုပ်ချင်တာကြောင့် ထူးခြားတဲ့ ပြကွက်တွေကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ အနုပညာသမား တွေဟာ ဘ၀မှာ အမှတ်တရစရာတွေ လုပ်ပြချင်တာကြောင့် ဒီနာ မာကာပိုကွီအနေနဲ့ အကောင်းဆုံး ပြကွက်တွေ တင်ဆက်ဖို့ ကြိုးစားခဲ့ရာမှာ ဒီပြကွက်ကို ပြုလုပ်ဖို့ ဖြစ်လာခဲ့တာပါ။
      ဒီပြကွက်ဟာ ရိုးရှင်းပါတယ်။ ကိုယ်ခန္ဓာမှာ ပန်းချီရေးဆွဲပြီး နောက်ခံအရောင်ကို အဖြူရောင်အဖြစ် ဖန်တီးကာ ဓာတ်ပုံပညာကို အသုံးချထားခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံပညာ ကျွမ်းကျင်မှုကလည်း အရေးပါတာကြောင့် အံ့အားသင့်စရာ ဖန်တီးမှုတွေ ဖြစ်နေတာပါ။ အမြင်အာရုံကို လှည့်ဖြားထားပြီး အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ပိုင်း ပြတ်နေတဲ့ ကိုယ်ခန္ဓာကို ကြည့်ရင်း ထိတ်လန့်နေတဲ့ မြင်ကွင်းဟာ အသက်ပါနေတဲ့ အပြင် အခြားပြကွက် တွေကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဒီနာမာကာပိုကွီက မိမိအနေဖြင့် အမျိုးသမီးကိုယ် ခန္ဓာပိုင်း ပြတ်နေပုံကို ပန်းချီပညာဖြင့်သာ ပြုလုပ်ခဲ့ကြောင်း၊ စတင်ပြုလုပ်စဉ်မှာ မည့်သို့စတင် ရမည်ကို မသိရှိကြောင်း၊ မိမိ၏ ပန်းချီကားများသည် လူံဆော်မှုကြောင့် ဖြစ်လာကြောင်း၊ အရေးကြီးဆုံးက စိတ်ထဲတွင် ယုံကြည်မှု၊ မှန်ကန်မှုရှိရေး ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်လာပါက လွတ်လပ်စွာ ဖန်တီးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 messengernewsjournal

No comments