Breaking News

လမ်းမအလယ် စိတ်ကောက်ပုံ



     
ချစ်သူရဲ့ စွန့်ပစ်မှုကို ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ မခံမရပ်နိုင်အောင် ၀မ်းနည်း ကြေကွဲသွားခဲ့ပြီး လူစည်ကားရာ လမ်းမအလယ်မှာ လဲလျောင်းပြီး မိနစ် (၉၀) ကြာ နေထိုင်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒီအမျိုးသမီးအသက်ဟာ (၂၄) နှစ် ရှိနေပြီး ချစ်သူဖြစ်သူက ဖုန်းမက်ဆေ့ခ်ျဖြင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် အမျိုးသမီးဟာ လမ်းမအလယ်မှာ လဲလျောင်းပြီး ပုံစံမျိုးစုံနဲ့ ပတ်ဝန်းကျင်ကို အနှေင့်အယှက် ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။
      အမျိုးသမီးဟာ ကိုယ်ခန္ဓာကို တွန့်လိမ်ပြခြင်း၊ ကွေးကောက်ခြင်း စသဖြင့် ယောဂလေ့ကျင့်ခန်းကထက် ပိုများတဲ့ ပုံစံမျိုးနဲ့ စိတ်ကောက် ပြနေခဲ့တာ ဖြစ်ပါတယ်။ ဒီအမျိုးသမီးဟာ အားကစား ၀တ်စုံကို ၀တ်ဆင်ထားတာဖြစ်ပြီး ဆိုးရွားတဲ့ အပြုအမူကို ပြုလုပ်ခဲ့တာကြောင့် ပတ်ဝန်းကျင်ကလူတွေ မခံမရပ်နိုင် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဟောင်ကောင်မှာရှိတဲ့ လူစည်ကားရာ နေရာမှာ ဖြစ်ခဲ့တာဖြစ်ပြီး နောက်ဆုံး အရေးပေါ် သူနာပြုယာဉ်ကို ခေါ်ယူပြီး သယ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆေးရုံကားပေါ်မှာ လိုက်ပါလာတဲ့ ၀န်ထမ်းတွေဟာ လမ်းမအလယ်မှာ စိတ်ကောက်ပြနေတဲ့ အမျိုးသမီးကို ထမ်းစင်နဲ့တင်ပြီး ကားပေါ် ခေါ်ဆောင်သွားခဲ့ကြောင်း The Mirror သတင်းစာမှာ ရေးသား ဖော်ပြထားပါတယ်။

messengernewsjournal

No comments