Breaking News

လက်နှစ်ဖက် မရှိပေမယ့် မိခင်အိုကြီးကို ပြုစု စောင့်ရှောက်နေသူ



သက်ကြီးရွယ်အိုတွေ ပြုစုစောင့်ရှောက်ခြင်းဟာ ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်တာကြောင့် ဒီအလုပ်ကို လုပ်ချင်တဲ့သူ မရှိပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံက အသက် (၄၃)နှစ်အရွယ်ရှိ Zhang ဟာ လက်နှစ်ဖက် မရှိပေမယ့် အသက် (၈၀)နှစ် အရွယ်ရှိ မိခင်အိုကြီးကို အနီးကပ် ပြုစုစောင့်ရှောက် နေတာကြောင့် ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ သားသမီးတွေဟာ အသက်ကြီးလာတဲ့ မိဘတွေကို စောင့်ရှောက်ပေးရာမှာ စေတနာပါမှု နည်းပါးလာတဲ့ ဒီနေ့ လူ့အဖွဲ့အစည်းမှာ Zhang ဟာ အတုယူစရာ ဖြစ်ခဲ့ပါတယ်။ မသန်စွမ်း တစ်ဦးကတောင် မိခင်အိုကြီးကို စောင့်ရှောက်နေတာကြောင့် အခြားသူတွေအနေနဲ့ အတုယူသင့်ကြောင်း တိုက်တွန်း ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

      Zhang ဟာ အသက် (၁၁) နှစ် အရွယ်မှာ လျှပ်စစ် အန္တရာယ်ကြောင့် လက်ဖျံနှစ်ဖက် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ငယ်စဉ်ဘ၀က ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မိခင်ဖြစ်သူရဲ့ ကျေးဇူးကြောင့် ဒီအချိန်ထိ အသက်ရှင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Zhang ဟာ မိခင်ကြီးကို အနီးကပ် ပြုစုစောင့်ရှောက်ရင်း အိမ်အလုပ်တွေကို အကုန်လုပ်ခဲ့ပါတယ်။ မသန်စွမ်းဘ၀ကို ရောက်နေပေမယ့် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ ရရာအလုပ်ကို ၀င်လုပ်ကာ မိခင်အိုကြီးကို ရှာဖွေ ကျွေးမွေးခဲ့ပါတယ်။ Zhang က မိမိ ငယ်ဘ၀တွင်  မိခင်ဖြစ်သူက ကြည့်ရှု စောင့်ရှောက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မိခင်ကြီးကို ပြန်လည် စောင့်ရှောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။ Zhang ဟာ မိခင်အိုကြီးကို အိမ်ကောင်းကောင်းနဲ့ထားဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါကြောင့် အိမ်သစ်တစ်လုံး အမြန် ဆောက်နိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ မသန်စွမ်းတစ်ဦးရဲ့ မိဘအပေါ် ထားရှိတဲ့ မေတ္တာတရား ကတော့ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

messenger news journal

No comments