Breaking News

ကမ္ဘာ့ပထမဆုံး ကောင်းကင်ပေါ်က ရေကူးကန်


ကမ္ဘာ့ပထမဆုံး ကောင်းကင်ပေါ်က ရေကူးကန်တစ်ခုထွက်ပေါ်လာပြီး ထိုရေကူးကန်ကတော့ လူတိုင်း ရေ၀င်ကူးရဲ လောက်တဲ့အနေအထားမှာ မရှိပဲ တော်တော်လေး မြင့်နေပါတယ်။

ထို ရေကူးကန် ကတော့ လန်ဒန်မြို့ပေါ်မှာ တည်ရှိတာဖြစ်ပြီး အထပ်မြင့် အဆောက်အဦး ၂ ခုကို ချိတ်ဆက်ထားပြီး ဖောက်ထွင်းမြင်ရတဲ့ ရေကူးကန်ဟာ လူတိုင်းတော့ ၀င်ရောက် ရေကူးခွင့်မရနိုင်ပါဘူးတဲ့။

ထို ရေကူးကန်ဟာ အသစ်စက်စက်ဆောက်လုပ်ထားတာဖြစ်ပြီး အမြင့်မကြောက်သူတွေအတွက်တော့ ပါရာဒိုက်စ် တစ်ခုလိုပါပဲ။ ထို ရေကူးကန်ဟာ လန်ဒန်မြို့ရဲ့ ကမ်းနား ဒေသက Battersea Power Station ရဲ့ နံဘေးမှာ တည်ရှိပြီး အမြင့်ပေ ၁၁၀ မှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ရေကူးကန်ကတော့ တစ်ခုလုံးကို ဖောက်ထွင်းမြင်ရနိုင်စွမ်းရှိပြီး ၂၅ မီတာ ရှည်လျားကာ ၅ မီတာ ကျယ်ဝန်းပါတယ်။ ကန်ရဲ့ အနက်ကတော့ ၃ မီတာ ဖြစ်ပြီး ကန်ထဲက ရေရဲ့အမြင့်ကတော့ ၁.၂ မီတာသာ ရှိပါတယ်။

ထို ရေကူးကန် ဟာ ကွန်ဒို အဆောက်အဦး ၂ ခု ကြားမှာ တံတားတစ်ခုသဖွယ် ဖြစ်နေပါတယ်။ ထို ရေကူးကန်ထဲကနေ အောက်ကို ငုံ့ကြည့်မယ်ဆိုရင် လမ်းပေါ်ကို ကြည်လင် ပြတ်သားစွာ မြင်နေရမှာပါ။ ထို ကွန်ဒို အဆောက်အဦး ၂ ခုကတော့ သံတမန် ပန်းခြံအတွင်းမှာတည်ရှိတယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေး ကုမ္မဏီ ၂ ခုဖြစ်တဲ့ Ballymore နဲ့ Eco World တို့က တည်ဆောက်ထားတာဖြစ်ပြီး ၂၀ စင်တီမီတာ အထူရှိတဲ့ မှန်တွေကို အသုံးပြုပြီး ရေကူးကန်ကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ရေကူးကန် ရဲ့ ကုန်ကျစရိတ်တင်ပဲ စတာလင်ပေါင် ၁ ဘီလီယံ အထိ ကျသင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ထို ရေကူးကန် မှာ ရေကူးခွင့်ရှိသူကတော့ ထို တွဲရက် ကွန်ဒို ၂ လုံးမှာ အခန်းပိုင်သူတွေပဲ ဖြစ်ပါတယ်။ ထို ကွန်ဒိုမှာ အခန်းဝယ်မယ်ဆိုရင်တော့ တစ်ခန်းကို စတာလင်ပေါင် ၆၀၂,၀၀၀ ခန့်ကျသင့်မယ်လို့ လည်း သိရပါတယ်။

 သစ်ထူးလွင်

No comments