သမီးကို အကောင်းဆုံး လွတ်လပ်ခွင့်ပေးခဲ့တဲ့ မိခင်
မိဘနဲ့ သားသမီးကြားမှာ စည်းကမ်းတွေ များလွန်းရင် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ဖို့ မလွယ်တော့ပါဘူး။ မိဘတွေဟာ သားသမီးတွေကို လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ ထိန်းကြောင်းပေးရာမှာ အချို့အပြုအမူတွေဟာ ကောင်းတဲ့ဘက်ထက် ဆိုးတဲ့ဘက်ကို ရောက်သွားတတ် တာကြောင့် သတိထားရမှာ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့ရဲ့ ဆက်ဆံရေးက အားကျစရာ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အသက်(၃၃)နှစ် ကွာဟနေပြီး မိခင်ဖြစ် သူက အသက် ( ၅၄)နှစ်၊ သမီးဖြစ်သူက အသက် (၂၁)နှစ်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူကို မည်သည့် ချုပ်ခြယ်မူကိုမှ ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ သမီးဖြစ်သူ ဘာလုပ်လုပ် ခွင့်ပြုပေး ထားပါတယ်။
ဒါကို အချို့က တစ်မျိုးထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုပြုလုပ်ပေးခြင်းဟာ မိဘနဲ့ သားသမီးအကြား အပြန်အလှန် နားလည်မူ ရရှိစေခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း သမီးအပေါ် ယုံကြည်နေသလို၊ သမီးကလည်း မိခင်ဖြစ်သူကွယ်ရာမှာ မဟုတ်တာတွေ လုပ်တော့မှာ မဟုတ် ပါဘူး။ ဂျီလီယန်ဟာ သမီးဖြစ်သူ အီမီလီကို အရမ်းချစ်တာကြောင့် ဘာမဆို ပြုလုပ်ခွင့်ပေးထားပါတယ်။ အီမီလီဟာ သူနာပြုတက္ကသိုလ် တက်ရောက်နေသူ ဖြစ်ပါ တယ်။ မိခင်ဖြစ်သူဟာ နိုက်ကလပ် တက်ရင်တောင် သမီးနဲ့အတူတက်ပြီး အရက်သေစာ သောက်သုံးခဲ့ပါတယ်။ နောက်ဆုံး ယောက်ျားလေး သူငယ်ချင်းတွေပါရင်လည်း ကိုယ်တိုင်ဦးဆောင်ပြီး စကားပြောစေ ခဲ့ပါတယ်။ သမီးဖြစ်သူဟာ လွတ်လပ်ခွင့် အပြည့်ရထားတာကြောင့် မိခင်ဖြစ်သူ စေတနာကို ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း လွတ်လပ်မှုကို ကောင်းစွာအသုံးချနိုင်ဖို့ သင်ကြားပြသပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
messengernewsjournal

No comments