အ၀လွန်သူ အဖြစ်မှ ချောမောလှပသူ ဖြစ်အောင် လုပ်နိုင်ခဲ့
တစ်ချိန်က အ၀လွန်ခဲ့သူ ဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့ လှပတဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသူက အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ နေထိုင်တဲ့ အသက်(၂၆)နှစ် အရွယ်ရှိ စီယာတလင်းအဒမ် ဖြစ်ပါတယ်။
အစားအစာကို မဆင်မခြင် စားခဲ့မှုကြောင့် ကိုယ်အလေးချိန် ( ၂၅၃) အထိ ရောက်ရှိသွားခဲ့တာကြောင့် လူနေမှုဘ၀ကို ထိခိုက်လာခဲ့ပါတယ်။
အ၀လွန်မှုကြောင့် စိတ်ကျရောဂါ ၀င်လာသလို အခြားတစ်ဖက်မှာလည်း အဆင်မပြေမှုတွေ ကြုံခဲ့ရတာကြောင့် တက္ကသိုလ် ကျောင်းကနေ ထွက်လိုက်ရပါတယ်။ ကျောင်းကထွက်ပြီး အိမ်ကို ပြန်ရောက်စမှာ စိတ်ကျရောဂါက တဖြည်းဖြည်း ပိုဆိုးလာတာကြောင့် ကိုယ်အလေးချိန် လျှော့ချမှု ပြုလုပ်ဖို့ စတင်ခဲ့ပါတယ်။
တကယ်တော့ ကိုယ်အလေးချိန် လျှော့ချရာမှာ စိတ်ဓာတ်ပိုင်း အရေးကြီးဆုံး ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အစားတွေကို စား၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးရုံနဲ့ ကိုယ်အလေးချိန် လျော့ချလာမှာ ဖြစ်ပါ တယ်။
စီယာတလင်းဟာ အ၀လွန်ဖြစ်စေမယ့် အသင့်စား အစားအစားတွေကို လုံးဝ မစားတော့ဘဲ သစ်သီးဝလံတွေကို ဦးစားပေး စားသုံးခဲ့ပါတယ်။ ဒီနောက် နေ့စဉ် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြုလုပ်ရင်း တစ်နှစ်ကျော် ကြာပြီးတဲ့ နောက်မှာ ကိုယ်အလေးချိန်က ပေါင် ( ၁၀၀) ကျော် ကျသွားခဲ့ပါတယ်။ အရင်က ( ၂၅၃) ပေါင် ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ (၁၄၆) ပေါင်သာ ရှိပါတော့တယ်။
messengernewsjournal

No comments