Breaking News

Facebook ရဲ့ ကရုဏာရှင်မလေး


Facebook မှာ အထီးကျန်နေတဲ့ အမျိုးသမီးကြီး တစ်ဦးရဲ့ အကြောင်းကို ရေးသားခဲ့ရာ တစ်ပတ်အတွင်း  Like အရေအတွက် နှစ်သန်းကျော် ရရှိခဲ့သလို  Comments ပေါင်း ( ၁၆၃၀၀၀) ၊ Shares ပေါင်း ( ၂၇၆၀၀၀) ရရှိခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
အသက်(၃၀) နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးဟာ နေ့လယ်စာ စားရင်း အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတစ်ဦး ရောက်လာပြီး မိတ်ဆွေ ဖွဲ့ခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးကြီးနဲ့ စကားတွေဟြေဆိုရင်း ရင်းနှီးသွားတဲ့ အကြောင်းကို Facebook မှာ ရေးသားခဲ့ ရာ Like အရေအတွက် သန်းနဲ့ချီရခဲ့တာ ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ အိုချိုအာဟာ စားသောက်ဆိုင် တစ်ဆိုင်မှာ စားသောက်နေစဉ် အမျိုးသမီးကြီး ရောက်လာခဲ့တာ ဖြစ်ပါတယ်။
      ဒီနောက် အမျိုးသမီးကြီးက တစ်စားပွဲထဲ မှတ်လိုက်လို့ စားပွဲထိုးကို ဟြေခဲ့ပါတယ်။ ဒီအချိန်ထိ အိုချိုအာက ကြောင်ကြည့်နေခဲ့ပါတယ်။ ဒီနောက် အမျိုးသမီးကြီး နေ့လယ်စာ စားဖို့ဟြေခဲ့ရာမှာ လက်ခံခဲ့ပါတယ်။ တကယ်တော့ အမျိုးသမီးကြီးဟာ တစ်ဦးတည်း ကာလရှည် နေခဲ့တာမို့ အထီးကျန်နေခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတူနေခဲ့တဲ့ မိခင်ဖြစ်သူက သေဆုံးသွားခဲ့သလို အဒေါ် ဖြစ်သူကလည်း အသက်ကြီး နေတာကြောင့် သက်ကြီး ဂေဟာကို ရောက်ရှိနေခဲ့တာပါ။
      အိုချို အာဟာ အထီးကျန်နေတဲ့ အမျိုးသမီးကြီးကို အဖော်ရအောင် စကားတွေ ဟြေခဲ့တဲ့အပြင် တစ်ပတ်တစ်ရက် တွေ့ဆုံဖို့ ဟြေခဲ့ပါတယ်။ ဒါကို Facebook မှာ တင်ခဲ့တာဖြစ်ပြီး အိုချိုအာရဲ့ မေတ္တာစေတနာကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သက်ကြီး ရွယ်အိုတွေဟာ အသက်ကြီးလာတဲ့အခါ တစ်ယောက်တည်း ဖြတ်သန်းနေရတာကို မေတ္တာနဲ့ ပြုမူ ဆက်ဆံခဲ့တဲ့ အိုချိုအာကို Facebook ရဲ့ ကရုဏာ ရှင်မလေးအဖြစ် ခေါ်ဆိုခဲ့ကြပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=42660

No comments