ဆယ်ကျော်သက် မိန်းကလေးတွေကြား ခေတ်စားနေတဲ့ ရင်သားအသားပေး ပလတ်စတစ် အင်္ကျီဖက်ရှင်
ဈေးဝယ်ရာမှာ အသုံးပြုတဲ့ ပလတ်စတစ်အိတ်ကို ဖက်ရှင် အသုံးအဆောင် ပစ္စည်းအဖြစ် အသုံးပြုခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ပလတ်စတစ်ကို ဖက်ရှင်ပစ္စည်းအဖြစ် အသုံးပြုရာမှာ စွဲမက်စရာ ကောင်းအောင် ပြုလုပ်ခဲ့တာကြောင့် အာရှဒေသရှိ လူမှုကွန်ရက်တွေမှာ ရေပန်းစားတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါ တယ်။ ဒီဖက်ရှင်ကို စတင်ခဲ့တာက ထိုင်ဝမ်မှာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာရှိတဲ့ မိန်းမပျိုတွေဟာ ပလတ်စတစ်ကို အင်္ကျီပုံစံ ဖန်းတီး ၀တ်ဆင်ခြင်း ဖြစ်ပါတယ်။ နာမည်ကျော် 7 Mart စတိုးဆိုင်က ပလတ်စတစ်အိတ်ကို အင်္ကျီပုံစံ ၀တ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ၀တ်ဆင်ရာမှာ လိင်ဆွဲဆောင်မူ ရှိအောင် ရင်သားကို အသားပေး ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီဖက်ရှင်ဟာ တစ်ခဏအတွင်း ကျော်ကြားသွားခဲ့ပြီး၊ ထိုင်ဝမ်ရှိ ဆယ်ကျော်သက် အရွယ် အမျိုးသမီးတွေဟာ ရင်သားကို အသားပေး ဖော်ပြထားတဲ့ ပလတ်စတစ် အင်္ကျီတွေကို အပြိုင်အဆိုင် ၀တ်ဆင်ခဲ့ပါတယ်။
အမျိုးသားတွေကလည်း နောက်ဟြေင်တဲ့ အနေနဲ့ ပလပ်စတစ် အင်္ကျီတွေကို ၀တ်ဆင်ခဲ့ပါတယ်။ အချို့အမျိုးသားတွေ ဆိုရင် အမှိုက်ပုံ နားသွားပြီး ပလတ်စတစ်အိတ် အကြီးတွေ ထဲဝင်ကာ နောက်ဟြေင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပလတ်စတစ် ဖက်ရှင်ဟာ ဖက်ရှင်ပြပွဲတွေမှာ မကြာခဏ ပြသခဲ့ဖူးပြီး၊ ယင်းကို ထိုင်ဝမ်ရှိ ဆယ်ကျော်သက်တွေက တုပကာ လူမူကွန်ရက်မှာ အများရဲ့ အာရုံစိုက်မှု ရရှိအောင် အပြိုင်အဆိုင် ၀တ်ဆင်နေခြင်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ပလတ်စတစ်အိတ် တွေကို ဖက်ရှင်တစ်ခုသဖွယ် ၀တ်ဆင်လာတော့မယ့် အတိတ်နိမိတ်တွေ ရှိနေပြီ ဖြစ်ပါတယ်။
The Messenger
No comments