အပြောင်းအရွှေ့ ပိတ်ကာနီးမှာ အသေင်းပြောင်းသွားတဲ့ မန်ယူ ကစားသမားများ
မန်ယူအသင်း ကစားသမား ၃ယောက် အသင်းကနေ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
အဲဒီ ကစားသမားတွေကတော့ တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒက်ဇ်၊ ဂိုးသမား လင်ဒီဂတ်နဲ့ ကွင်းလယ်လူ ဂျာနူဇာတို့ပဲ ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်က ပြောင်းရွှေ့ကြေး ပေါင် ၁၂သန်းနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ်မှာ အငှားနဲ့ သွားရောက် ကစားရာကနေ ဒီရာသီမှာ အသင်းကို ပြန်လည်ရောက်ရှိပေမယ့် အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
မက္ကဆီကို တိုက်စစ်မှူး ဟာနန်ဒက်ဇ်က လေဗာကူဆင်နဲ့ ၃နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အသင်းမှာ နေရာမရတဲ့ ဂိုးသမား လင်ဒီဂတ်လည်း ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဘရွန်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
လင်ဒီဂတ်ဟာ မန်ယူမှာ ၅နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ် ဧပြီလက နယူးကာဆယ်ကို ၄-၀နဲ့ အနိုင်ရပြီးနောက်ပိုင်း ပါဝင်ကစားရခြင်း မရှိခဲ့ပါဘူး။
လင်ဒီဂတ်က ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဝက်စ်ဘရွန်းကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ၂နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
သူက မကြာခင်က ဝက်စ်ဘရွန်းကို ပြောင်းရွှေ့သွားတဲ့ နောက်ခံလူ အီဗန်နဲ့ တွဲကစားရဖို့ ရှိနေပါတယ်။
လူငယ် တိုက်စစ် ကစားသမား အက်ဒ်နန် ဂျာနူဇာကတော့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွာပြီ ဖြစ်ပါတယ်။
ဂျာနူဇာက ဒေါ့မွန်မှာ ကျောနံပါတ်၉ ဂျာစီကို ဝတ်ဆင်ကစားမှာ ဖြစ်ပြီး ဒေါ့မွန်ကို ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း ပြောဆိုခဲ့ပါတယ်။
Ref_dailymail
http://www.planet.com.mm/detail/28540/Sports
No comments