ပေ(၁၉၀၀၀) ကျော်မြင့်သော တောင်ကို တက်ပြတဲ့ ကလေး
တောင်တက်ခြင်းဟာ တော်ရုံဇွဲလုံးလနဲ့ မရပါဘူး။ အလွန်ခက်ခဲပြီး အဘက်ဘက်က ပြည့်စုံနေမှ တက်နိုင်တာ ဖြစ်ပါတယ်။ အသက်ကိုးနှစ် အရွယ်သာ ရှိသေးတဲ့ ကောင်ကလေးတစ်ဦးဟာ အာဖရိကတိုက်ရဲ့ အမြင့်ဆုံးတောင်ကို တက်ပြခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ကီလီမန်ဂျာရို တောင်ဟာ အမြင့်ပေ (၁၉၃၄၀)ရှိပြီး၊ အာဖရိကမှာ အမြင့်ဆုံးတောင် အဖြစ် သတ်မှတ် ခံထားရပါတယ်။အသက် ကိုးနှစ်အရွယ်ရှိ အက်ခရင်ဟာ မိသားစုဝင်တွေနဲ့ အတူ ဒီတောင်ကိုတက် ပြခဲ့တာကြောင့် ထူးခြားစံချိန် တစ်ရပ် တင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အက်ခရင်ဟာ ဒီတောင်ကို တက်နိုင်ခဲ့တဲ့ အသက်ငယ်ဆုံး ဗြိတိန်နိုင်ငံသား ဖြစ်လာခဲ့ပါတယ်။
အက်ခရင်ဟာ ဒီတောင်ကို တက်နိုင်ဖို့ ခြောက်ရက် အချိန်ယူခဲ့ရပါတယ်။ အက်ခရင်ဟာ အသက် (၁၂)နှစ်အရွယ် အစ်ကိုဖြစ်သူ၊ အသက် (၄၉)နှစ် အရွယ် ဖခင်ဖြစ်သူတို့နဲ့ ဒီတောင်ကို တက်ခဲ့တာ ဖြစ်ပါတယ်။
အက်ခရင်က မိမိအနေဖြင့် ယခုအချိန်အထိ မောပန်းနေဆဲ ဖြစ်ကြောင်း၊ မိမိအနေဖြင့် တောင်တက်နိုင်ရန် ပြင်ဆင်မှု များစွာ ပြုလုပ်ခဲ့ရကြောင်း၊ တောင်ပေါ် ရောက်ရှိသည့်အခါ အလွန်ပျော်မိကြောင်း ဟြေကြားခဲ့ပါတယ်။
messengernewsjournal

No comments