အရာထင်ပြီဆိုတဲ့ အမရာငြိမ်း
မော်ဒယ်လောကမှာ နာမည်ရပြီးသားဖြစ်တဲ့ အမရာငြိမ်းက Miss Myanmar International 2015 Winner ဆုနဲ့ Popular Award ဆု ရရှိခဲ့တဲ့ အတွက် သူဖြစ်ချင်ခဲ့တဲ့ အရာတွေ လုပ်ခွင့်ရပြီလို့ ပြောပါတယ်။
“ညီမကြိုးစားမှုရဲ့ အသီးအပွင့်တွေကို ခံစားရတယ်လို့ ထင်ပါတယ်။ ဒီလိုခံစားခွင့် ပေးခဲ့တဲ့ ပရိသတ်ကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ ဒီဆုရပြီးတဲ့ နောက်ပိုင်းမှာလည်း နိုင်ငံအတွက် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ အကျိုးရှိအောင် ဆောင်ရွက်သွားမှာပါ။ အရင်ကထက် နှစ်ဆပေါ့။ ဒီလိုပဲ အနုပညာအလုပ်တွေ လုပ်ဖို့ ညီမအတွက် အခွင့်အရေးတွေမှာလည်း ပရိသတ်အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။
အမရာငြိမ်းဟာ Miss Myanmar International 2015 Winner ဆုကို ရရှိခဲ့လို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ (၅၅) ကြိမ် မြောက်ကျင်းပမယ့် Miss International 2015 ကို မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ရဦးမယ်လို့ သိရပါတယ်။
The Messenger
No comments