Breaking News

ရင်သား အလှပြိုင်ပွဲ

     ပြီးခဲ့တဲ့ ရက်တွေမှာ အနမ်းပြိုင်ပွဲ ကျင်းပခဲ့ပြီးနောက် အခုကျင်းပတဲ့ ပြိုင်ပွဲက ရင်သားအလှ ပြိုင်ပွဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ Hefei ရပ်ဒေသမှာ ကျင်းပခဲ့တာ ဖြစ်ပြီး၊ စိတ်ဝင်စားစရာ ပြိုင်ပွဲဖြစ်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ အများအဟြး ဖြန့်ဝေခဲ့ပါတယ်။
       ဒီပြိုင်ပွဲဟာ ငါးကြိမ်မြောက် ကျင်းပတာဖြစ်ပြီး၊ ပြိုင်ပွဲဝင် (၁၂)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ တရုတ် ယဉ်ကျေးမူနဲ့တော့ ကိုက်ညီခြင်း မရှိပါဘူး။ ဒါပေမဲ့ ပြိုင်ပွဲကို ကျင်းပရာမှာ ရင်သား တစ်ခုတည်းကို လွန်လွန်ကျူးကျူး ဖော်ထားပေမယ့် ဖုံးကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်ရောက်သူဟာ စိတ်ကြိုက် ၀တ်စုံနဲ့ ယှဉ်ပြိုင်နိုင်ပေမယ့် ဒိုင်တွေ အကဲဖြတ်နိုင်ဖို့ ရင်သားကို ထင်ရှားအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘီကီနီဝတ်စုံနဲ့လည်း ယှဉ်ပြိုင်နိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင်အများစုဟာ ရင်သားကို ဦးစားပေး ဖော်ထားပြီး၊ ကျန်အရာတွေကိုတော့ လုံခြုံအောင် လုပ်ခဲ့ပါတယ်။
      ဒါပေမဲ့ ပြိုင်ပွဲဝင်တွေဟာ ဆွဲဆောင်မှုရှိတဲ့ ပုံစံတွေ ဖြစ်နေတာကြောင့် တရုတ် လူ့အဖွဲ့အစည်း အတွက် ထူးခြားနေခဲ့ပါတယ်။ ဒါကြောင့်လည်းလူမှုကွန်ရက်မှာ ထောက်ခံသူတွေ ရှိသလို၊ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ အချို့က ဒီပြိုင်ပွဲမျိုး လုံးဝ မပြုလုပ်သင့်ဘူးလို့ မှတ်ချက် ပေးခဲ့ပေမယ့် အချို့လည်း ခွဲစိတ်ပြုပြင်ထားသူတွေ ပြိုင်ပွဲ ပေးမ၀င်သင့်ကြောင်း ဆိုခဲ့ပါတယ်။ ခွဲစိတ်ပြုပြင် ထားသူတွေ ပြိုင်ပွဲပေးဝင်ခြင်းဟာ အားကစား ပြိုင်ပွဲတွေမှာ တားမြစ်ဆေးသုံးစွဲပြီး ပြိုင်ပွဲဝင်စေသလို ဖြစ်စေကြောင်း ဟြေကြားခဲ့ပါတယ်။ အချို့ကလည်း အမျိုးသားတွေကို ခွဲစိတ်ပြီး ပြိုင်ပွဲကျင်းပ ပေးသင့်ကြောင်း နောက်ဟြေင်ခဲ့ပါတယ်။

 messengernewsjournal

No comments