အခက်အခဲဆိုတာ နေရာတိုင်းမှာ ရှိတယ်ဆိုတဲ့ သွန်းဆက်
ပရိသတ်လက်ခံမှု ရရှိပြီးသား ဖြစ်တဲ့ သရုပ်ဆောင် သွန်းဆက်က နေရာတိုင်းမှာတော့ အခက်အခဲဆိုတာ ရှိတာပါပဲလို့ ဖွင့်ဟသွားပါတယ်။
“ညီမတို့ လူသားတွေဆိုတာက အခက်အခဲဆိုတဲ့ အရာကို ဘယ်လိုလူတွေမဆို တွေ့ရတာပါပဲ။ အခက်အခဲရှိမှလည်း တိုးတက်မှုတွေဆိုတာ ရှိတယ်လို့ ယုံတယ်။ နောက်ပြီး ဘယ်လိုအလုပ်မျိုး မဆို အစမှာတော့ အခက်အခဲဆိုတာ ရှိမှာပဲ။ ဒါပေမဲ့ အခက်အခဲနဲ့ ရလာတဲ့ အရာတွေက ချိုမြိန်တတ်ပါတယ်။
နောက်ပြီး အခက်အခဲ ကြားကရလာတဲ့ အရာတွေကို လူတွေက တန်ဖိုးထားကြတယ်။ ညီမကတော့ ကိုယ်တွေ့မယ့် အခက်အခဲတွေ၊ ကြုံလာမယ့် အခက်အခဲတွေကို စိတ်လှုပ်ရှားရင် အမှားပါတတ်တဲ့အတွက် စိတ်အေးအေးနဲ့ပဲ ဖြေရှင်းတယ်။ နောက်ပြီး ကိုယ့်စိတ်က အရမ်းခက်ခဲတယ်လို့ မထင်အောင် မွေးမြူထားတယ်”လို့ ဖွင့်ဟသွားပါတယ်။
Video ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရပေမယ့် ဇာတ်ကားကြီးတွေ အတွက်လည်း ပြင်ဆင်နေပါတယ်လို့ သရုပ်ဆောင် သွန်းဆက်က ဆိုတယ်။
The Messenger
No comments