iPhone 6s ၀ယ်ဖို့ ကျောက်ကပ် ရောင်းမည်၊ ဥာဏ်ကောင်းချောမောလှပသူများ သုတ်ရည်လှူဒါန်းပါက iPhone 6s လက်ဆောင်ပေးမည်
ဝူအမည်ရ အမျိုးသားတစ်ဦးဟာ iPhone 6s ၀ယ်ယူနိုင်ဖို့ သူငယ်ချင်းဖြစ်သူ ဟန်ရဲ့ အကြံပေးမှုနဲ့အတူ ကျောက်ကပ်ကို ရောင်းချနိုင်ရေး ကိုယ်တွင်း အင်္ဂါတွေ ရောင်းဝယ်တဲ့ မှောင်ခိုသမားနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ဒီနောက် ၀ူနဲ့ ဟန်တို့ဟာ ကျောက်ကပ် အခြေအနေကို သိနိုင်ဖို့ နန်းကျင်းကို သွားရောက်ပြီး ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပာန်ဟာ သူငယ်ချင်းဖြစ်သူ ၀ူနဲ့အတူ ကျောက်ကပ်ကိုရောင်းဖို့ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ် ရောင်းဝယ်မယ့် ရက်ကို ချိန်းဆိုပြီးနောက် ဟန်ဟာ စိတ်ပြောင်းလဲသွားပြီး ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူကိုလည်း ကျောက်ကပ် မရောင်းနိုင်အောင် တားမြစ်ခဲ့ပါတယ်။ ဒီနောက် ရဲစခန်းရဲ့ အကူအညီ တောင်းခံပြီး ကျောက်ကပ် အရောင်းအ၀ယ်ကို ပျက်အောင် ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ iPhone 6s ကိုင်ဆောင်နိုင်ဖို့ နည်းမျိုးစုံ ကြိုးစားနေရာ အချို့ကလည်း မက်လုံးတွေနဲ့ ဆွဲဆောင် စည်းရုံးမှု ပြုလုပ်ခဲ့ပါတယ်။ ရှန်ဟိုင်းမြို့မှာရှိတဲ့ မျိုးပွားအင်္ဂါဘဏ် (Sperm Bank) တစ်ခုဟာ အရည်အသွေးမီ မျိုးပွားမှုရရှိစေဖို့ iPhone 6s နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဉာဏ်ရည်မြင့်ပြီး အရပ်အမောင်း ကောင်းသူ၊ ချောမော လှပသူအနေနဲ့ မျိုးပွားအောင် သုက်ရည်ကို လှူဒါန်းပါက iPhone 6s လက်ဆောင်အဖြစ် ပေးအပ်သွားမယ်လို့ ကြော်ငြာထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးရရှိဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အများကြီးရှိနေပြီး သုက်ရည်လှူဒါန်းသူဟာ ကျန်းမာသန်စွမ်း ရမယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရပါတယ်။
The Messenger

No comments