Breaking News

အလွန်လေးစားဖွယ်ကောင်းသည့် ဆရာဝန်တစ်ဦး၏ အကြင်နာမေတ္တာ



တရုတ်နိုင်ငံက ဆရာဝန် တစ်ဦးသည် လူနာကလေးငယ်ကို ရင်းနှီးနွေးထွေးစွာ အကြင်နာမေတ္တာ ပေးခဲ့သောကြောင့် လူမှုကွန်ရက်တွင် ရေပန်းစားသည့် အကြောင်းအရာ ဖြစ်ခဲ့သည်။ အသက် နှစ်နှစ်အရွယ်ရှိ သမီးငယ်လေးသည် နှလုံးခွဲစိတ်မှု ခံယူရမည်ဖြစ်၍ ကြောက်ရွံ့နေသောကြောင့် ဆရာဝန်ဖြစ်သူက ဖေးမ စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။ ကြောက်ရွံ့နေသော သမီးငယ်ကို စိုးရိမ်စိတ် ပြေပျောက်စေရန် ဆရာဝန်က ယင်းတွင်ပါလာသည့် တယ်လီဖုန်းထဲမှ ကာတွန်းကိုပြသပြီး ချော့ခဲ့သည်။ ယင်းမြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်တွင် တင်ရှိခဲ့ရာ အဆိုပါ ဆရာဝန်ကို ချီးကျူးခဲ့ပြီး မှတ်ချက်အမျိုးမျိုး ပေးခဲ့သည်။ အဆိုပါအကြောင်းသည် တရုတ် မီဒီယာများတွင် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး အကျယ်တ၀င့် ဖော်ပြခဲ့ကြောင်း ချိုင်းနားဒေးလီး သတင်းတစ်ရပ်တွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ(၁၈) ရက်နေ့တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejang အရပ်ဒေသရှိ ဆေးရုံတစ်ရုံ၌ နှလုံးအထူး ကုသဆောင်တွင် ဆရာဝန်တစ်ဦးက လူနာဖြစ်သူ သမီးငယ်လေးကို ပွေ့ဖက်ပြီး ပြုစု စောင့်ရှောက်နေခြင်း ဖြစ်သည်။ Shi Zhuo အမည်ရ ဆရာဝန်သည် နှလုံးအထူးကု အဆောင်တွင် လက်ထောက် ဆရာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ Shi Zhuo မှာ လူနာများကို အမြဲတမ်း နွေးထွေးစွာ ဆက်ဆံလေ့ရှိသည်။ Shi Zhuo က မိမိအနေဖြင့် စိုးရိမ်နေသော လူနာကို ဖေးမကူညီခဲ့ခြင်း ဖြစ်ကြောင်း၊ ခွဲစိတ်ခါနီးတွင် မည်သူမဆို စိုးရိမ်စမြဲ ဖြစ်ကြောင်း၊ ထို့ကြောင့် မိသားစုဝင်များ သာမက ဆရာဝန် များကလည်း ဖေးမရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆရာဝန်များ၏ ကြိုးစားမှုကြောင့် သမီးငယ်လေးမှာ ကျန်းမာရေး ပြန်ကောင်းခဲ့ပြီး ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

credit newmyanmarpyi

No comments