Breaking News

စံပြအမျိုးသမီး တစ်ယောက်အဖြစ် ရပ်တည်မယ့် မေဘရဏီသော်




Miss Universe Myanmar 2015 Winner ဆုရှင် မေဘရဏီသော်က ဒုတိယအကြိမ် မြန်မာကိုယ်စားပြု အလှမယ် အနေဖြင့် နိုင်ငံတကာပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

“ညီမကို ရွေးချယ်လိုက်မယ်လို့လည်း မထင်ထားခဲ့ပါဘူး။ အခုလို ဆုကိုရလိုက်တော့လည်း ညီမအနေနဲ့ အတိုင်းမသိ ၀မ်းသာပါတယ်။ ညီမက ပြိုင်ဖို့ အတွက်ကို အချိန်က နီးကပ်နေပြီ။ အဲဒါကြောင့် အရမ်းကို လေ့ကျင့်ဖို့လိုနေပြီ။ ရှေ့က စီနီယာတွေဖြစ်တဲ့ မမိုးစက်ဝိုင်တို့၊ သျှားထွဋ် အိန္ဒြာတို့ဆီကလည်း သင်ယူရဦးမှာပါ။ ညီမလည်း အရမ်းကို စိတ်ပူပါတယ်။ပထမ Miss International ပြိုင်တုန်းကလည်း လိုအပ်တာလေးတွေ ရှိတယ်။ဘာလို့လဲဆိုတော့ အချိန်ကလည်း အရမ်းကပ်နေတယ်။ နိုင်ငံကိုယ်စားပြု သွားရတာဆိုတော့ အရမ်းကို တာဝန်ကြီးပါတယ်။ ညီမပြိုင်ပွဲအတွက် ၀တ်စုံကို ဒီဇိုင်နာတွေဆီမှာ အပ်လို့ ဘယ်လိုပုံစံလေးတွေ လုပ်ရမလဲဆိုတာကို စဉ်းစားထားပါတယ်။ဒါပေမဲ့လည်း Hello Medam နဲ့လည်း ညှိနှိုင်းရဦးမှာပါ။ အားလုံးတိုင်ပင်ပြီးမှ လုပ်ဆောင်မှာပါ။ ညီမအနေနဲ့ မိတ်ကပ်ပညာကို ထပ်ပြီး လေ့လာရမယ်။ ပြိုင်ပွဲမှာ ကိုယ့်ဘာသာ ပြင်ဆင်ရမှာ ဆိုတော့လေ။နောက်ပြီးတော့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုတွေလည်း ပြည့်စုံနေဖို့ အတွက်လည်း ထရိန်းနေပါတယ်။ လိုအပ်မယ့် အပိုင်းတွေကို ပြည်စုံအောင် လုပ်သွားမှာပါ။ ကိုယ့်နိုင်ငံ ကိုယ်စားပြု ဖြစ်နေလို့ ကိုယ့်နိုင်ငံမှာ ရှိနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စံပြတစ်ယောက် ဖြစ်အောင်လုပ်မယ်။ Miss တစ်ယောက် အနေနဲ့လည်း ထပ်ပြီးတော့ ရပ်တည်သွားမှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကိုလည်း လက်လှမ်းမီသလောက် ကူညီပေးသွားမှာပါ”လို့ မေဘရဏီသော်က ပြောပါတယ်။

မေဘရဏီသော်က လက်ရှိတွင် ဓာတ်ပုံရိုက်ကူးခြင်း တွေကိုသာ ပြုလုပ်နေပြီး ပြိုင်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။

The Messenger

No comments