Breaking News

အလုပ်ရှင်က ၁၂ နှစ်အရွယ် ၀န်ထမ်းဖြစ်သူကို အဓမ္မကျင့်တဲ့ ယုတ်မာသည့် ဖြစ်ရပ်



စစ်ကိုင်းမြို့တွင် ယခုလ( ၅) ရက်နေ့က ဆိုင်ရှင် အမျိုးသားဖြစ်သူမှ ၀န်ထမ်းဖြစ်သူ အရွယ်မရောက်သေးသည့် ကလေးမအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ကို မကျေနပ်သည့်အတွက် တိုင်တန်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုလ (၅)ရက်နေ့တွင် မ......... (၃၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် ညီမဖြစ်သူ မ........(၁၂)နှစ်အရွယ်မှ ငိုယိုပြီး ရောက်ရှိလာကာ အလုပ်ရှင်မှ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရကြောင်းကို ပြောပြခဲ့သဖြင့် ယခုကဲ့သို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ပထမ သတင်းပေးချက် များအရ သိရသည်။

ဖြစ်စဉ်တွင် အဆိုပါ အဓမ္မပြုကျင့် ခံခဲ့ရသူ မ......(၁၂) နှစ်သည် စစ်ကိုင်းမြို့ရှိ ……ဆိုင်တွင် အလုပ်လုပ်နေပြီး၊ ယခုလ (၃)ရက်နေ့ ညနေပိုင်း အချိန်တွင် ဆိုင်နှင့်ကပ်လျက် နေအိမ်အောက်ထပ်တွင် အိပ်ပျော်နေစဉ် ဆိုင်ရှင်ဖြစ်သူ ဦး………. (၅၆) နှစ်က အဓမ္မတစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ထပ်မံ၍ ယခုလ(၄) ရက်နေ့ ည(၁၂) နာရီ အချိန်တွင် အဓမ္မပြုကျင့်ခဲ့ပြန်ကြောင်း သိရပြီး၊ ၎င်းနောက် အဆိုပါ အမျိုးသမီးငယ်လေးသည် ကြောက်လန့်ကာ ဆိုင်မှ ထွက်ပြေးခဲ့ရကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။

ယင်းသို့ ဆိုင်ဝန်ထမ်းဖြစ်သူ အရွယ်မရောက် သေးသူအား အဓမ္မပြုကျင့်ခဲ့သည့် ဆိုင်ရှင်ဖြစ်သူ ဦး…… .အား အရေးယူပေးရန် အစ်မဖြစ်သူမှ တိုင်တန်းခဲ့သည့် အတွက် စစ်ကိုင်းမြို့မ ရဲစခန်းမှ (ပ) ၃၉၂/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရသည်။
The Messenger

No comments