Breaking News

Pee Mak မင်းသားကို အမှတ်တရ လက်ဆောင်ပေးခဲ့တဲ့ ယွန်းယွန်း



မြန်မာနိုင်ငံသို့လာ ရောက်သည့် Pee Mak မင်းသား မာရီယိုမော်ယာ (Mario Maurer) အား အမှတ်တရလက်ဆောင် ကိုယ်တိုင်ပေးခွင့်ရခဲ့သောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ယွန်းယွန်းကပြောသည်။

‘‘သူက သမီးကြိုက်တဲ့အနု ပညာရှင်တော့ဟုတ်တယ်။ ကြိုက်တာတော့မကြာသေးဘူး။ Pee Mak မှာစတွေ့ဖူးတာ။ ဒါပေမဲ့ အဲဒီမှာတုန်းက မကြိုက်ဘူး။ အရင်တုန်းက ကားအဟောင်း လေး 'A Crazy Little Thing Called Love' ဇာတ်ကားကို ဟို တစ်လောကကြည့်ပြီးကြိုက်သွား တာ’’ဟု၎င်းကပြောသည်။

မာရီယာမော်ယာကို ယွန်း ယွန်းက ရွှေတိဂုံစေတီပုံပါသည့် ကြေးပြားလက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၆ ရက်ကပြုလုပ်ခဲ့သော Pond's MenProduct မိတ်ဆက်ပွဲတွင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

‘‘ညီမတို့မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ဘုရားကို သူကလည်းတန်ဖိုးထားတဲ့ အတွက် ဝမ်းသာရပါတယ်။ ကြို တင်ပြင်ဆင်ထားတာမဟုတ်ဘဲ မမျှော်လင့်ဘဲပေးခွင့်ရခဲ့တာ’’ဟု ယွန်းယွန်းက လက်ဆောင်ပေးခဲ့ ရသည့်ခံစားမှုကိုပြောသည်။

ပညာရေးဘက်တွင်အရေး ကြီးသည့်နှစ်ဖြစ်သောကြောင့် ဇာတ်ကားများလက်ခံထားခြင်း မရှိဘဲ ကြော်ငြာများနှင့် ဓာတ်ပုံ များသာ ရိုက်ကူးဖြစ်ကြောင်း အနုပညာလှုပ်ရှားမှုနှင့်ပတ်သက် ၍ အကယ်ဒမီယွန်းယွန်းကပြော သည်။

No comments