Breaking News

ရဲရင့်အောင်နဲ့ ချစ်သူဖြစ်နေကြတယ်ဆိုတဲ့ ကိစ္စ သဉ္ဖာနွယ်ဝင်း ပြန်ရှင်းပြီ


ဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့ ရှိတ်ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူတူ သရုပ်ဆောင်ထားပြီး ကလောမှာရိုက်ကူးနေ ပါတယ်။ ဒီကားမှာ သဉ္ဖာရဲ့ ကာရိုက်တာက ရွာရဲ့ကွမ်းတောင်ကိုင်မိန်းမချောလေးဖြစ်ပြီး ဘုန်းကြီးကျောင်း သား ကိုမြင့်မြတ်နဲ့ကြိုက်တယ်။ မိဘတွေက သဘောမတူဘူး။ အဲဒီမှာ ရွာရဲ့ထုံးစံအတိုင်း အလွဲလွဲအချော်ချော် လေးဖြစ်ပြီး ပရိသတ်တွေရယ်ရအောင် ပုံစံမျိုးလေးရိုက်ထားပါတယ်။ ကလောမှာ ဗွီဒီယိုကားရိုက်ခဲ့တာပါ။ ကလောမြို့ရဲ့ ရာသီဥတုက အရမ်းသာယာပြီး နေလို့ထိုင်လို့ကောင်းပါတယ်။ သဉ္ဖာက ရာသီဥတုအေးတာကို ပိုပြီးနှစ်သက်ပါတယ်။ သဉ္ဖာကာရိုက်တာက မြင်နေကျပုံစံတွေထက် ထူးခြားတဲ့ကာရိုက်တာမျိုးပါ။ အနုပညာ တစ်ခုခုတော့ ကျန်ရစ်စေမယ့် ရုပ်ရှင်ကားကြီးပါ။ သဉ္ဖာ့ကို အဆိုတော်ရဲရင့်အောင်နဲ့ချစ်သူဖြစ်နေကြတယ်လို့ ပြန်ကြားရပါတယ်။ တကယ်ကောလာဟလလို့သတ်မှတ်လို့ရပါတယ်။ ဟိုတလောက ရဲရင့်အောင်နဲ့ ဗွီဒီယိုကား ရိုက်ခဲ့ပါတယ်။ ရိုက်ရတာအားလုံးအဆင်ပြေပါတယ်။ သဉ္ဖာအနေ့နဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ရင်ဖွင့်ရရင် Media တွေမှာမဖြေချင်ပါဘူး။

Shape Entertainment Journal

No comments