မိကျောင်းနှင့် ကျွဲစပ်ထားသော ပုံစံပေါက်နေသည့် ထူးဆန်းသတ္တ၀ါ
ထိုင်းနိုင်ငံရှိ ကျေးရွာတစ်ရွာတွင် ထူးဆန်းသော သတ္တ၀ါတစ်ကောင် မွေးဖွားခဲ့ခြင်းကြောင့် ရွာသားတွေ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ ယင်းသတ်ဝါသည် ကျွဲတစ်ကောင်မှ မွေးဖွားခဲ့ခြင်း ဖြစ်သော်လည်း မိကျောင်းနှင့် ဆင်တူနေသောကြောင့် လာရောက်ကြည့်ရှုသူ အများအပြား ရှိခဲ့သည်။ ကျွဲတစ်ကောင်မှ မွေးဖွားခြင်း ဖြစ်သော်လည်း ကျွဲနှင့် အလုံးစုံမတူဘဲ ကွဲပြားခြားနားမှုများ ရှိနေသည်။
အရောင်သည် နက်မှောင်နေပြီး အရေပြားများသည် တွားသွားသတ္တ၀ါမျိုး ဖြစ်နေသည်။ ဦးခေါင်းက မိကျောင်းနှင့် ဆင်တူနေသည်။ ထို့ကြောင့် ရွာသားများသည် ယင်းသတ္တ၀ါအနားတွင် တိုးဝှေ့ ကြည့်ရှုနေခြင်းဖြစ်သည်။
ယင်းကို ဗီဒီယိုရိုက်ကူးပြီး အင်တာနက်မှတင်ခဲ့ရာ အချို့က နိမိတ်ကောင်းသည်ဟု ယူဆပြီး ပူဇော်ပသမှုများ ပြုလုပ်ခဲ့ကြသည်။ ရွာသားများသည် ကံကောင်းခြင်းများ ရရှိတော့မည်ဟု ယူဆကာ ပျှော်ရွှင်နေကြသည်။ ကျွဲနှင့် နွားများသည့် ပုံမှန်မပာုတ်သည့် ပုံစံမျိုးဖြင့် မွေးဖွားရာတွင် ထူးဆန်းသည့် သတ္တ၀ါပုံစံများ ဖြစ်တတ်ကြပြီး ထူးဆန်းသည့်အရာ မဟုတ်ကြောင်း သိရသည်။
The Messenger
No comments