Breaking News

သီလရှင်ဝတ်ပြီး မိဘကျေးဇူးဆပ်တဲ့ မြန်မာမင်းသမီးလေး၊ ချီးကျူးပါတယ်




ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးမယ့် “အနန္တရုပ်ရှင်”ဇာတ်ကားတွင် အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်နိုင်သော Notra အဖြစ် သရုပ်ဆောင်မယ့် သက်ထားဝေဇင်က မိဘကျေးဇူးဆပ်တဲ့ အနေဖြင့် သီလရှင် ၀တ်ဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ “ဆရာလေးက အရင်ကတည်းက အသက်(၂၂)နှစ် ရောက်တဲ့အထိကို တစ်ခါမှ သီလရှင် မ၀တ်ဖူးခဲ့ပါဘူး။ အရင်တုန်းက မလေးရှား သံရုံးအလုပ်နဲ့ကလည်း သီလရှင်ဝတ် ခေါင်းတုံးတုံးဖို့က သိပ်အဆင်ပြေဘူးပေါ့။ နောက်ကိုယ်ရိုက်မယ့် ဇာတ်ကားရဲ့ ကာရိုက်တာကလည်း ခေါင်းတုံးဆိုတော့ ဖြစ်တယ်။ နောက်တစ်ခုက ကိုယ့်ကိုမွေးပေးခဲ့တဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူးဆပ်ချင်တဲ့ အနေလည်း ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာလေးတို့က ညီမချည်းပဲ သုံးယောက်၊ သားယောက်ျားလေး မပါတော့ ကိုယ်ကလည်း အကြီးဆုံးလည်း ဖြစ်တော့ အမေ အဖေကို ကုသိုလ်ပြုပေးချင်လို့ပါ။ ဆရာလေး ဘွဲ့နာမည်ကတော့ သိပ္ပဉာဏီပါ။ ဆရာလေးကို ဘွဲ့နာမည်ပေးတဲ့ ဆရာကြီးကလည်း ဆရာလေး ဇာတ်ကားရိုက်မယ် ဆိုတာကို လုံးဝမသိပါဘူး။ ကိုယ်ကလည်း သိပ္ပံကားကို ရိုက်မယ်ဆိုတော့ အခုပေးလိုက်တဲ့ ဘွဲ့နာမည်နဲ့ ထူးခြားပြီး တိုက်ဆိုင်သွားပါတယ်။ ဆရာလေး သီလရှင်ဝတ်ကို သုံးရက်ဝတ်ပါမယ်။ သီလရှင်က ထွက်ရင်တော့ ဆရာလေး ဇာတ်ကား စရိုက်ပါပြီ။ ဆရာလေး အတွက်လည်း စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိနိုင်ပါမယ်။ ဒါပေမဲ့လည်း ဒါရိုက်တာ ကိုညိုမင်းလွင်က ဆရာလေးကို သင်ကြားပေးမှုတွေမှာ အကောင်းဆုံးတော့ လုပ်ဆောင်မှာပါ”လို့ ပြောသွားခဲ့ပါတယ်။ သရုပ်ဆောင် သက်ထားဝေဇင်က ရန်ကုန်မြို့ ကိုးမိုင် မစိုးရိမ်ကျောင်းလမ်းရှိ ရွှေမြိုင်သိရီ သီလရှင် စာသင်တိုက်တွင် သုံးရက်သီတင်းသုံးမည် ဖြစ်ကြောင်း သီလရှင်ထွက်ပြီးပါက Notra ဇာတ်ကောင်ကို စတင်ရိုက်ကူး တော့မယ်လို့ သိရပါတယ်။

The Messenger

No comments