Breaking News

သရုပ်ဆောင်မှုနဲ့ အသားကျလာပြီ ပြောတဲ့ ရတနာဗို



အနုပညာပျိုးခင်း(၂)ရဲ့ မင်းသမီး တစ်လက်ဖြစ်တဲ့ ရတနာဗိုက သရုပ်ဆောင်မှု အပိုင်းနဲ့ အသားကျလာပြီလို့ ပြောပြခဲ့ပါတယ်။ “ညီမအတွက် အခုချိန်ထိကို ဆရာတွေက သင်ပေးနေဆဲပါ။ ဇာတ်ကား တစ်ကားမှာ မတူအောင် ဗဟုသုတတွေ၊ အနုပညာနဲ့ ပတ်သက်တာတွေ၊ အရည်အချင်းတွေရော ဆရာတွေက သင်ကြားပေးတော့ လေ့လာခွင့်ရပါတယ်။ ညီမကို လာငှားတဲ့ ဇာတ်တွေကလည်း ညီမနဲ့လည်း လိုက်ဖက်တယ်ထင်လို့ လာကြတယ်ပေါနော့်။ ညီမ ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရလာရင် အိမ်မှာလည်း လေ့ကျင့်တယ်။ ရိုက်ကွင်းပေါ် ရောက်ရင်လည်း ညီမကို သင်ပေးကြတယ်။ လက်တွဲ ကူညီကြပါတယ်။ ညီမအနေနဲ့လည်း ဒီလောကထဲကို အစိမ်းသက်သက် ရောက်လာတယ်ပေါ့နော်။ ဒါပေမဲ့လည်း ဇာတ်ကားတွေ ရိုက်လာရပြီ ဆိုတော့ အရင်ကထက် စာရင်တော့ အသားကျနေပြီလို့ ပြောလို့ရပါတယ်။ ဗီဒီယိုကားက (၁၇) ကားလောက် ရိုက်ပြီးသွားပါပြီ။ ရုပ်ရှင်ကားကတော့ ရိုက်ထားတာက တစ်ကားပဲ ရှိပါသေးတယ်။ “ဘောစိ”ဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ ညီမ ရိုက်ထားတာကလည်း ဒရာမာတွေ၊ ဖန်စီတွေများတယ်။ တချို့ကတော့ ထွက်ပြီ၊ တချို့ကတော့ မထွက်သေးဘူး။ ညီမအတွက်ကတော့ ဒရာမာရိုက်တာ နည်းတယ်။ ညီမကလည်း ဒရာမာကိုလည်း အားသာပါတယ်။ ဒါပေမဲ့လည်း ခုချိန်တော့ ညီမအတွက်က အရာရာ အားလုံးက အသစ်တွေပါပဲ။ ကိုယ်တိုင်ကလည်း ၀ါနုတော့ အများကြီး သင်ယူ လေ့လာရဦးမှာပါ။ ညီမ မလုပ်ဘူးတဲ့ ကာရိုက်တာတွေကိုလည်း ကြိုးစားပြီး လုပ်ပါမယ်”လို့ ရတနာဗိုက ပြောပြခဲ့ပါတယ်။

ရတနာဗိုက လက်ရှိမှာတော့ သရုပ်ဆောင် မြင့်မြတ်နဲ့ အတူ “ဗလရဲ့ဇ” ဗီဒီယို ဇာတ်ကားကို ပါဝင်သရုပ်ဆောင် ထားတယ်လို့ ပြောပြခဲ့ပါတယ်။

The Messenger

No comments