Breaking News

မေတ္တာတွေ ရခဲ့တယ်ဆိုတဲ့ လမင်းအိနြေ္ဒ




အကယ်ဒမီ ဗန်းကိုင်ကနေ အနုပညာ လောကထဲကို ခြေချခဲ့တဲ့ သရုပ်ဆောင်သစ် လမင်းအိနြေ္ဒက သူမအတွက် သရုပ်ဆောင် န၀ရတ်ဆီကနေ ညီအစ်မ မေတ္တာတွေ ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ “ညီမနဲ့ မန၀ရတ်တို့က ရုပ်ရှင်ကားကို မလေးရှားမှာ ရိုက်ခဲ့ပါတယ်။ မြန်မာ အလုပ်သမားတွေ အကြောင်း ဖြစ်ရပ်မှန်လေးပေါ့နော်။ မလေးရှားမှာ မလေးက ဒါရိုက်တာတွေနဲ့ ရိုက်ရတော့ သူတို့က အချိန်ကိုတိကျတယ်။ အစောကြီး ရူတင်ကိုသွားရတယ်။ အစစ အရာရာ သူ့အချိန်နဲ့သူ အကုန်လုပ်ရတယ်။ မနားမနေ ရိုက်ကြတယ်။ ပြီးတော့ အက်ရှင်လုပ်တဲ့ နေရာမှာ တကယ့်ကို စိတ်သွင်းပြီး လုပ်ရတယ်။ တကယ့်အိုက်တင် မရမချင်းကို မဖြုတ်ဘူး။ ဒါပေမဲ့ ရိုက်တော့မြန်တယ်။ စိတ်ကို တကယ်သွင်းလို့ ရပြီဆိုရင် ရိုက်တဲ့အခန်းကလည်း အောင်မြင်သွားတယ်။ ထပ်ခါ ထပ်ခါ မလုပ်ရဘူး။ အချိန်လည်း မကုန်ဘူး။ လူလည်း သိပ်မပင်ပန်းဘူး။ တစ်ကားလုံးမှာ ညီမအတွက် အနုပညာနဲ့ ပတ်သက်တဲ့ ပညာတွေလည်းရတယ်။ အထူးသဖြင့်တော့ အစ်မ မန၀ရတ်ဆီက ပညာလည်းရတယ်။ မေတ္တာလည်းရတယ်။ အဲဒါကြောင့် အစ်မကိုလည်း ကျေးဇူးတင်ပါတယ်။ ညီမကို အသစ်အနေနဲ့ တွဲရိုက်တယ်၊ ခေါ်ရိုက်တယ်။ ဇာတ်ကားထဲမှာတင် ညီမအရင်းလို မေတ္တာပေးတာ မဟုတ်ဘူး။ အပြင်မှာလည်း မေတ္တာပေးတယ်။ ဒီနေ့ ဒီအချိန်ထိကို အဲဒါကြောင့် အစ်မန၀ရတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုနိုင်နိုင်း၊ အန်တီဝါ၀ါအောင်၊ ကိုဇော်ဇော်အောင်တို့ကလည်း သင်ပေးတယ်။ ညီမကိုလည်း ကာရိုက်တာပိုင်းတွေကို ပြောပြတယ်။ ဒါရိုက်တာကလည်း ညီမနဲ့ အင်္ဂလိပ်လို ပြောတယ်။ သူက ဘယ်လိုအပိုင်းတွေကို လိုချင်တယ်ဆိုတာ ပြောပြတယ်။ အများကြီးလည်း ကူညီပေးတယ်”လို့ ပြောခဲ့ပါတယ်။ သရုပ်ဆောင် လမင်းအိနြေ္ဒအတွက် မှတ်မှတ်ထင်ထင် ပထမဦးဆုံး ရုံတင်ဇာတ်ကားဖြစ်တဲ့ “မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင်ဇာတ်ကားဟာ လက်ရှိမှာ ရုံတင်ပြသနေတယ်လို့ သိရပါတယ်။

The Messenger

No comments