တိုင်းအစိုးရ၏လွှမ်းမိုးမှုခံခဲ့ရသည့် တိုင်းလွှတ်တော်

မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ-မောင်တာ)
ရက်ပိုင်းအတွင်း ပြီးဆုံးတော့မည့် မန္တလေး တိုင်းဒေသကြီး  လွှတ်တော်၏ ပထမ ၅ နှစ်သက်တမ်းသည် အသက်ဝင်မှုအားနည်းခဲ့ပြီး လွှတ်တော်သည် အုပ်ချုပ်ရေးအဖွဲ့၏ လွှမ်းမိုးမှုခံခဲ့ရသည်ဟု မန္တလေး မြို့ခံများနှင့် လွှတ်တော်ကို လေ့ လာစောင့်ကြည့်သူများက ဝေဖန် ကြသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်သည် လွှတ်တော်၏အ ဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ဥပ ဒေပြုရေးအပိုင်းတွင် ပြည်သူလူ ထုကို တိုက်ရိုက်အကျိုးပြုစေနိုင် မည့် ထိရောက်အားကောင်းသည့် ဥပဒေများပြဋ္ဌာန်းနိုင်မှု နည်းပါးခဲ့ ရုံမက အစိုးရအဖွဲ့နှင့်တရားစီရင် ရေးအပါ် အပြန်အလှန် ထိန်း ကျောင်းနိုင်မှုအပိုင်းတွင်လည်း အားနည်းချက်များစွာရှိခဲ့သည်ဟု ဝေဖန်ခံရပြီး လွှတ်တော်အပေါ် အုပ်ချုပ်ရေးအဖွဲ့၏လွှမ်းမိုးခံခဲ့ရ သည်ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်အချို့က ကိုယ်တိုင် ဝန်ခံ ပြောကြားကြ သည်။
‘‘ပြီးခဲ့တဲ့ ၅ နှစ်ကိုပြန်ကြည့် ရင် လွှတ်တော်အနေနဲ့သိပ်ပြီးထိ ထိရောက်ရောက်မလုပ်နိုင်ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် လွှတ် တော်က အစိုးရအဖွဲ့ကို Check & Balance မလုပ်နိုင်ခဲ့ဘူး’’ဟုမဟာအောင်မြေမြို့နယ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးပြေဝင်းက သုံးသပ် သည်။
ပထမအကြိမ် ၅ နှစ်တာ သက်တမ်းအတွင်း ဥပဒေ ၄၂ ခု၊ နည်းဥပဒေ ၃၉ ခုနှင့် လုပ်ထုံးလုပ် နည်းသုံးခုတို့ကို လွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ သည့်အတွက် ဥပဒေပြုရေးပိုင်း တွင် အတော်အတန်ခရီးပေါက်ခဲ့ သည်ဟု ဆိုနိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၂)တွင် ရေးဆွဲပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် များ ဥပဒေပြုနိုင်သည့်အပိုင်းများ တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ  လုံးဝမထိတို့နိုင်ခဲ့သည့် ကဏ္ဍများ    ကျန်ရှိနေခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ   လွှတ်တော် ကိုယ်စားလှယ် ဦးပြေဝင်းက ဆို သည်။
‘‘အခွန်၊ အကောက်နဲ့သက် ဆိုင်တဲ့အပိုင်းတွေဆိုရင် ဥပဒေ ပြဋ္ဌာန်းနိုင်တာမရှိခဲ့ဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တိုင်းဒေသကြီးလွှတ်တော် စတင်ဖွဲ့စည်းစအချိန်များတွင် လွှတ်တော်က အစိုးရအဖွဲ့၏လုပ် ငန်းဆောင်ရွက်မှုများအပေါ် အ တန်ငယ်ထိန်းကျောင်းနိုင်မှုရှိခဲ့ သော်လည်း   လွှတ်တော်သက် တမ်းကြာမြင့်လာသည်နှင့်အမျှ အစိုးရအဖွဲ့ကို  မကျော်နိုင်တော့ဘဲ  နောက်ပိုင်းနှစ်များတွင်  လွှတ်တော်သည် အစိုးရအဖွဲ့၏သိသိ သာသာ    လွှမ်းမိုးမှုခံခဲ့ရသည်ဟု ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးကပြောသည်။
ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန် လိုအပ်သည်များ ကို လွှတ်တော်ကိုယ်စားလှယ်များ က တင်ပြတောင်းဆိုဆွေးနွေးရာ တွင် လွှတ်တော်စတင်သည့် အစောပိုင်းနှစ်များတွင် အဆင်ပြေ သော်လည်း နောက်ပိုင်းနှစ်များ တွင် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ များမှ လွှတ်တော်၏ တင်ပြ တောင်း ဆိုလာမှုများအပေါ် လေးစားလိုက်နာမှုအားနည်းခဲ့သည်ဟု ဦးသန်းဌေးက ဆိုသည်။
‘‘ဒေသဖွံ့ဖြိုးရေးအတွက် လို အပ်တဲ့ တချို့လုပ်ငန်းတွေဆိုရင် လွှတ်တော်တင်တောင်းတာထက် အစိုးရအဖွဲ့နဲ့ လူချင်းတွေ့ပြီး ပြောရတာက ပိုအဆင်ပြေတယ်။ လွှတ်တော်က အစိုးရအဖွဲ့ကို မကျော် နိုင်တာတွေ အများကြီးပဲ’’ဟု ဦး သန်းဌေးက ပြောသည်။
လွှတ်တော်များစတင်ချိန်က ဌာနဆိုင်ရာဝန်ထမ်းများသည် လွှတ်တော်ကိုယ်စားလှယ်များအ ပေါ် လေးလေးစားစားဆက်ဆံမှု၊ လွှတ်တော်မှ အတည်ပြုသည့် လုပ်ငန်းများအပေါ် အလေးထား ဆောင်ရွက်ပေးမှုများရှိခဲ့သော် လည်း ၂၀၁၂၊ ၂၀၁၃ များမှစ၍ နောက်ပိုင်းနှစ်များတွင် အလေး မထားမှုများ ရှိလာသည်ဟု ဦး သန်းဌေးက ဆိုသည်။
‘‘လွှတ်တော်က တောင်းတဲ့ လုပ်ငန်းတွေက မွေးရေ၊ ကျေး လက်အောက်ရောက်သွားတယ်။ လျှပ်စစ်တို့၊ ကျေးလက်ဌာနတို့ဆို ရင် အစ်ကိုကြီး ဒါလေးတော့ လုပ်ပေးပါဦး၊ ညီလေးတို့မှာ ဘယ်လို အခက်အခဲဖြစ်နေလို့ပါဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်က အာဏာနဲ့ပြောရတာ မျိုး မဟုတ်ဘဲ ချော့ပြောနေရတာ’’ ဟု ၎င်းက ဆိုသည်။
၂၀၁၁ ဖေဖော်ဝါရီတွင် စတင် ဖွဲ့စည်းခဲ့သည့် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ပထ  မ ၅ နှစ်သက်တမ်းသည် ဇန်နဝါရီ၃၁ ရက်တွင် သက်တမ်းပြည့်တော့ မည်ဖြစ်သည်။ ပြီးခဲ့သည့်  ဒီဇင်ဘာ ၁၅ ရက်က (၁၄)ကြိမ်မြောက်ပုံမှန် အစည်းအဝေးနောက်ဆုံး နေ့ကို ကျင်းပခဲ့ပြီး လွှတ်တော်၏ ပထမ ၅ နှစ်သက်တမ်းကို အဆုံးသတ်ခဲ့ပြီဖြစ်သည်။   လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး များ စတင်ရန် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က    ခေါ်ယူထား သည်။
မန္တလေးတိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ တစ်မြို့နယ်လျှင် ၂ ဦးနှုန်းဖြင့် ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ် ၅၆ ဦး၊ တပ်မတော် သားကိုယ်စားလှယ် ၁၉ ဦးနှင့် ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၇၆ ဦးဖြင့် ဖွဲ့စည်း ခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သည် ပထမအကြိမ် လွှတ်တော်သက်တမ်း ၅ နှစ်တာ ကာလအတွင်း ပုံမှန်အစည်းအ ဝေး(၁၄)ကြိမ်နှင့် အထူးအစည်း အဝေး   (၃)ကြိမ်   ကျင်းပနိုင်ခဲ့ သည်။  ၅ နှစ်သက်တမ်းအတွင်း အဆို ၁၀၆ ခု တင်သွင်းနိုင်ခဲ့ပြီး ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြမေး ခွန်းစုစုပေါင်း ၂,၆၈၁ ခု မေးမြန်း ဖြေကြားခဲ့သည်။
လုပ်ထုံးလုပ်နည်းနှင့်  ၎င်း တို့ကိုယ်တိုင်၏  အတွေ့အကြုံ အားနည်းခြင်းများကြောင့် ဥပဒေ တစ်ခုပြဋ္ဌာန်းနိုင်ရန် အချိန်ယူကြိုး စားရပြီး အုပ်ချုပ်ရေးအဖွဲ့နှင့် တရားစီရင်ရေးမဏ္ဍိုင်အပေါ် အ ပြန်အလှန်ထိန်းကျောင်းနိုင်မှုအ ပိုင်းတွင်လည်း အားနည်းချက်များ ရှိခဲ့သည်ဟု လွှတ်တော်ကိုယ်စား လှယ်အချို့က ဝန်ခံသည်။
သို့သော်  ပထမ ၅   နှစ် သက်တမ်းအတွင်း ဥပဒေ ၄၂ ခု အထိ အတည်ပြုပြဋ္ဌာန်းနိုင်မှုမှာ အားရကျေနပ်ဖွယ်ရာဖြစ်သည် ဟု  လွှတ်တော်ကိုယ်စားလှယ်အ ချို့ကပြောသည်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ နှိုင်းယှဉ် လျှင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ဥပဒေပြုရေးသည် ပိုမိုရှေ့ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရာ တွင်လည်း လွှတ်တော်ကိုယ်စား လှယ်များ ကိုယ်စွမ်းရှိသမျှ ကြိုး စားခဲ့ကြသည်ဟု မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦး ဝင်းမောင်က လွှတ်တော်နောက် ဆုံးအစည်းအဝေးတွင် သတင်းမီ ဒီယာများအား ပြောသည်။ ပြဋ္ဌာန်း နိုင်ခဲ့သည့်ဥပဒေများအပြင် မန္တ လေးတိုင်းဒေသကြီးလွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် များဆွေးနွေးမေးမြန်းခဲ့သည့် အ ဆို၊ မေးခွန်းများမှာလည်း ဒေသ ဖွံ့ဖြိုးရေးအတွက် အထောက်အ ကူပြုအကျိုးဖြစ်ထွန်းစေခဲ့သည် ဟု ၎င်းက ဆိုသည်။
တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏သောက်သုံးရေအ ခက်အခဲအား မချိန်မီ စီစဉ်ဆောင် ရွက်ပေးနိုင်ရေးအတွက် ပြည် ထောင်စုအစိုးရသို့ တင်ပြဆောင် ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်းအဆို နှင့် မိုးနည်းရပ်ဝန်း အပူပိုင်းဒေသ များ စိမ်းလန်းစိုပြေရေးနှင့် သောက်သုံးရေဖူလုံလာစေရေး လစ်လပ်နေသောမြေလွတ်မြေ ရိုင်းများကို အထူးစီမံချက်များ ချမှတ်ရေးဆိုသော အဆိုနှစ်ခုမှာ မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး ကို လွှမ်းခြုံ၍ တင်သွင်းခဲ့သော အဆိုများဖြစ်ပြီး တိုင်းဒေသကြီး အတွက် များစွာအကျိုးသက် ရောက်မှုရှိခဲ့သည်ဟု မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ ပထမအကြိမ်လွှတ်တော်သက်တမ်း အတွင်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ယင်းအဆိုနှစ်ရပ်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်ငယ်၊ ကန်ငယ် ၈၉၅ ကန် တူးဖော်နိုင်ခဲ့ပြီး စိုက်ပျိုးရေးသုံး အဝီစိတွင်း ၁၂,၅၀၉ တွင်း တူးဖော်နိုင်ခဲ့သည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။
သို့သော် ပြီးဆုံးသွားခဲ့ပြီဖြစ် သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ ပထမ ၅ နှစ်သက် တမ်းဆောင်ရွက်ချက်များသည် ပြည်သူလူထုနှင့် ဒေသအကျိုးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင် ခြင်းမရှိခဲ့ဟု မန္တလေးမြို့ခံများက ဝေဖန်ပြောကြားသည်။
လွှတ်တော်သစ်များစတင် ဖွဲ့စည်းစဉ်က ဒေသဖွံ့ဖြိုးရေးနှင့် လူထုအကျိုးပြုဥပဒေများ ပြဋ္ဌာန်း နိုင်လိမ့်မည်ဟု မျှော်လင့်ချက် ထားခဲ့မိသော်လည်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် မန္တ လေးမြို့နေ လူထု၏မျှော်လင့် ချက်များကို ဖြည့်ဆည်းပေးနိုင်မှု မရှိခဲ့ဟု မန္တလေးမြို့ခံ ရှမ်းတိုင်း ရင်းသားဦးစိုင်းဆိုင်လင်းက ပြော သည်။
“လွှတ်တော်တွေ ပေါ်လာတာဘာတွေကောင်းလာသလဲဆိုရင်  ဘာမှကောင်းလာတယ်လို့ မခံစားရဘူး။ မြို့ပေါ်နေပြီး ကိုယ့်ကိုယ် ကိုယ်လုံခြုံတယ်လို့တောင် ပြည် သူတစ်ယောက်အနေနဲ့ မခံစားခဲ့ ရဘူး။ လွှတ်တော်က ပြည်သူတွေ ကြားထဲမှာ ရေပန်းမစားဘူး။ အ ပြောင်းအလဲဖြစ်တယ်လို့တောင် မထင်မိဘူး’’ဟု ဦးစိုင်းဆိုင်လင်း က မန္တလေးတိုင်းဒေသကြီးလွှတ် တော်၏ဆောင်ရွက်ချက်များ သည် အားရဖွယ်မရှိကြောင်း ပြောသည်။
လွှတ်တော်နှင့်လွှတ်တော် ကိုယ်စားလှယ်များပေါ်ပေါက် လာသော်လည်း ၎င်းတို့အတွက် လစာပေးရသည့်ကုန်ကျစရိတ် သာ တိုးလာပြီး ပြည်သူလူထုမှာ အပြောင်းအလဲကို မခံစားရဟု မန္တလေးမြို့ခံအများစုက ပြော သည်။ မိုးရာသီတွင် မန္တလေးမြို့၏လမ်းမများရေလျှံနေဆဲဖြစ်သလို မန္တလေးမြို့သစ်ပိုင်းတွင် နေထိုင် သူများမှာ စည်ပင်သာယာမှ ဖြန့် ဝေပေးသော ရေမရရှိဘဲ သောက်သုံးရေအတွက် ပုဂ္ဂလိကရေကို ဝယ်ယူသုံးစွဲနေရဆဲဖြစ်သည်။ မန္တလေးမြို့ပေါ်တွင် မူးယစ်ဆေး ဝါးများပေါ်ပေါ်တင်တင်ရောင်း ဝယ်နေမှုများမှာ စစ်အစိုးရလက် ထက်ကကဲ့သို့ပင် ရှိနေသေးပြီး မန္တလေးမြို့လမ်းမများပေါ်တွင် သွားလာနေသူများ နေ့စဉ် လု ယက်ခံနေရမှုများမှာလည်း ပ ပျောက်သွားခြင်းမရှိဘဲ ယခင်နှစ် များထက်ပင် ပိုမိုဆိုးရွားလာနေ သည်ဟု မန္တလေးမြို့ခံများက ပြောသည်။
စည်ပင်သာယာဝန်ထမ်း များ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် တရားရေးဝန်ထမ်းများ၏အကျင့် ပျက်ခြစားမှုများလည်း ယခင်အ တိုင်းပင် ရှိနေသေးပြီး လွှတ်တော် အနေဖြင့် အပြန်အလှန်ထိန်း ကျောင်းနိုင်မှုမရှိသလောက် အား နည်းခဲ့သည်ဟု မန္တလေးမြို့ခံ သ တင်းစာဆရာ မောင်ဉာဏက ပြောသည်။
တိုင်းဒေသကြီးလွှတ်တော် သည် အစိုးရအဖွဲ့မှ လမ်းကြောင်း ပေးသည့် ဥပဒေများကိုသာ အ တည်ပြုပြဋ္ဌာန်းပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအ နေဖြင့်လည်း ပြည်သူလူထုထက် အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်အပေါ် ပိုမိုအလေးထားသစ္စာရှိသည့်အ ခြေအနေမျိုး လေ့လာတွေ့ရှိရ သည်ဟု သတင်းစာဆရာ  မောင် ဉာဏက ပြောသည်။
‘‘ပြီးခဲ့တဲ့ ၅ နှစ်တာကာလ လွှတ်တော်နဲ့အစိုးရအဖွဲ့ကို ပြန် ကြည့်ရင် ဝန်ကြီးချုပ်ကို မဏ္ဍိုင် ထားပြီးတော့ပဲ လုပ်ကိုင်ခဲ့ကြ တယ်။ ဝန်ကြီးချုပ်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေကို လွှတ်တော်နဲ့ အစိုးရအဖွဲ့က မဖြစ်ဖြစ်အောင် လိုက်လုပ်ပေးနေရသလိုပဲ’’ဟု မောင်ဉာဏက ဝေဖန်သုံးသပ် သည်။
လွှတ်တော်ကိုယ်စားလှယ် များသည် အစိုးရအဖွဲ့နှင့်ဝန်ကြီး ချုပ်အပေါ် အတိုက်အခံလုပ်ဆွေး နွေးခြင်းမရှိသလောက် နည်းပါး သလို လွှတ်တော်မှ ပြဋ္ဌာန်းလိုက် သည့် ဥပဒေများသည်လည်း ဒေ သအကျိုးပြုသည့် ဒေသခံပြည် သူလူထုနှစ်သက်လက်ခံသည့် ဥပဒေဟုတ်၊ မဟုတ်ဆိုသည် ထက် အစိုးရအဖွဲ့မှ အတည်ပြု ပြဋ္ဌာန်းစေလိုသည့် ဥပဒေများကို လွှတ်တော်က အတည်ပြုပေး သည့် သဘောမျိုး ပိုမိုတွေ့ရသည် ဟု မောင်ဉာဏက ဆိုသည်။
မန္တလေးတိုင်းလွှတ်တော် တွင် အများစုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များဖြစ်ကြပြီး အ စိုးရအဖွဲ့သည်လည်း ပြည်ခိုင်ဖြိုး ပါတီဝင်များသာဖြစ်သည့်အပြင် ဝန်ကြီးချုပ်သည် တိုင်းပါတီဥက္ကဋ္ဌ ဖြစ်သည်။
‘‘ပြည်ခိုင်ဖြိုးလွှတ်တော် ပြည်ခိုင်ဖြိုးအစိုးရဖြစ်နေတော့ အတိုက်အခံမရှိဘူးဖြစ်နေတယ်။ ဝန်ကြီးချုပ်က လွှတ်တော်ထဲ လာထိုင်နေတော့ ပါတီထဲမှာလည်း သူက စီနီယာဖြစ်နေတော့ ကျန်တဲ့သူ တွေက ဘာမှ မလုပ်ရဲတော့ဘူး’’ ဟု မောင်ဉာဏက သုံးသပ်သည်။
လွှတ်တော်ကိုယ်စားလှယ် များက အစိုးရအဖွဲ့အား ဝေဖန် ထောက်ပြဆွေးနွေးသော်လည်း လွှတ်တော်နှင့် အစိုးရအဖွဲ့ကြား အတိုက်အခံဖြစ်လာချိန်တွင် လွှတ်တော်က အလျှော့ပေးလိုက် ရသည်က များကြောင်း မန္တလေး တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များက ပြောသည်။ အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏မမှန် မကန်လုပ်ဆောင်မှုများနှင့်ပတ် သက်၍ ပြင်ဆင်တည့်မတ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များက အဆို၊ မေးခွန်းများဖြင့် ဝေဖန် ထောက်ပြရာတွင်လည်း ဝေဖန်ခံ ရသည့် နေရာကွက်ကွက်လေးကို သာ ပြုပြင်ပြောင်းလဲသွားတတ် ပြီး အစိုးရအဖွဲ့အနေဖြင့် လွှတ် တော်၏ ဝေဖန်ထောက်ပြမှုကို လေးစားလိုက်နာမှု အားနည်း သည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့လုပ်ဆောင်ခဲ့ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် စီမံကိန်းအများစုကို အစိုးရအဖွဲ့၏အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့်သာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်သို့ တင်ပြဆွေး နွေးခြင်းနည်းပါးခဲ့သည်ဟု လွှတ် တော်ကိုယ်စားလှယ်များက ဆို သည်။ လက်ရှိ မန္တလေးမြို့ပေါ် တွင် အကောင်အထည်ဖော်နေ သည့် မင်္ဂလာမန္တလေးစီမံကိန်း၊ မြန်မာကွန်ဗင်းရှင်းစင်တာ၊ အိမ် ရာစီမံကိန်း စသည့်စီမံကိန်းလုပ် ငန်းအများစုကို အစိုးရအဖွဲ့၏အ စည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော် မှ အသေးစိတ်မသိရှိရကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များက ပြော သည်။
‘‘လွှတ်တော်ရဲ့ဆုံးဖြတ်ချက် က Cabinet(အစိုးရအဖွဲ့အစည်း အဝေး)ရဲ့ဆုံးဖြတ်ချက်လောက် ကို အရေးမပါဘူး။ Cabinet ဆုံး ဖြတ်ချက်နဲ့ လုပ်ငန်းတွေလုပ်နေမှ လွှတ်တော်က ခေါင်းညိတ်ပေးဖို့ လာအသိပေးတာလောက်ပဲ ရှိ တယ်’’ဟု မဟာအောင်မြေမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးပြေဝင်းက ပြောသည်။
လက်ရှိအခြေအနေအရ လွှတ်တော်ကိုယ်စားလှယ်များက အစိုးရအဖွဲ့၏လုပ်ဆောင်ချက် များအပေါ် ဝေဖန်ထောက်ပြပြီး လွှတ်တော်က အစိုးရကို ထိန်း ကျောင်းမောင်းနှင်ခြင်းမျိုးထက် အစိုးရက လွှတ်တော်ကို မောင်း နှင်သွားသည့် သဘောမျိုးဖြစ်နေ သည်ဟု မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဌေးက ပြောသည်။
‘‘အစိုးရကို လွှတ်တော်က မောင်းနေတာမျိုးဖြစ်ရမှာ။ အခု ဟာက ကျွန်တော်တို့ကမောင်းပေ မယ့် အစိုးရက အမောင်းမခံဘူး ဗျ။ သူတို့က လွှတ်တော်ကို ပြန် မောင်းနေတာ’’ဟု ဦးသန်းဌေးက ဆိုသည်။
ထိုသို့ အစိုးရအဖွဲ့က တိုင်း ဒေသကြီးလွှတ်တော်အပေါ် အ လေးထားမှုနည်းပါးပြီး လွှတ် တော်အသက်ဝင်မှုအားနည်းရ ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့်ဟု နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူများ က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးဝန်ကြီးချုပ်အပါ အဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သည် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နှုတ်ထွက်ရန် မလိုဘဲ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေ ပြုရေးအာဏာနှစ်ရပ်လုံးကို ပူးတွဲ ကျင့်သုံးခွင့်ရနေကြရာ ထိုအချက် က တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များအသက်ဝင်လာ စေရေး အဓိကအဟန့်အတားဖြစ် စေသည်ဟု သုံးသပ်ကြသည်။ ထို့ပြင် ပါတီတစ်ခုတည်းမှ အ ထက်၊ အောက် ရာထူးရာယူထား သူများ၊ ဝန်ကြီးချုပ်နှင့် လွှတ် တော်ဥက္ကဋ္ဌများဖြစ်လာကြရာ လွှတ်တော်ဥက္ကဋ္ဌများက ဝန်ကြီး ချုပ်အပေါ် သြဇာမလွှမ်းမိုးနိုင် သည့် သဘောလည်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့က မှတ်ချက်ပြုသည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မှ ရမယ်။ ဝန်ကြီးချုပ်တွေကို ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ခိုင်းပြီး လုပ်မှ ရမယ်’’ဟု မန္တလေးမြို့ခံသတင်း စာဆရာမောင်ဉာဏက ပြော သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်မှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အသက် ဝင်လာပြီး အစိုးရအဖွဲ့နှင့် တရား စီရင်ရေးကဏ္ဍအပေါ် အပြန်အ လှန်ထိန်းကျောင်းနိုင်မည်ဟု ယုံ ကြည်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များနှင့် နိုင်ငံရေးလေ့ လာသူအချို့က ပြောသည်။
‘‘တစ်ပါတီထဲက ကြီးစိုးထား တာကြောင့် လွှတ်တော်တွေ အ သက်ဝင်အားကောင်းဖို့ ခက် တယ်။ လွှတ်တော်ထဲမှာ မတူညီ တဲ့ပါတီတွေ၊ အတိုက်အခံတွေ များများဝင်လာမှ အမှန်တကယ် အပြောင်းအလဲဖြစ်မယ်’’ဟု ညောင်ဦးကိုယ်စားလှယ် ဦးသန်း ဌေးက ဆိုသည်။
ပြီးခဲ့သည့် မန္တလေးတိုင်းဒေ သကြီးလွှတ်တော်တွင် ရွေး ကောက်ခံလွှတ်တော်ကိုယ်စား လှယ်အများစုမှာ ပြည်ခိုင်ဖြိုးပါတီ မှ ဖြစ်ကြပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးနှင့် ရှမ်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တစ်ဦးသာ အခြားပါတီဝင်ဖြစ်ခဲ့သည်။ မကြာမီ စတင်တော့မည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်၏ဒုတိယ သက်တမ်းတွင်မူ ရွေးကောက်ခံ ကိုယ်စားလှယ်အများစုမှာ ဒီချုပ် ပါတီဝင်များဖြစ်သော်လည်း ပြည် ခိုင်ဖြိုးကိုယ်စားလှယ် ရှစ်ဦးနှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်လာတော့မည်ဖြစ်ပြီး လွှတ်တော် ၏ အဓိကလုပ်ငန်းတာဝန်ဖြစ် သည့် ဥပဒေပြုရေး မည်မျှအထိ စွမ်းဆောင်နိုင်မည်ဆိုသည်နှင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အပေါ် မည်သို့ ထိန်းကျောင်းနိုင် မည်လဲဆိုသည်ကို စောင့်ကြည့် ရမည်ဖြစ်သည်။
credit 7 day daily

No comments