ကလေးများအတွက် အသင့်လျော်ဆုံး Android App ၁၀ မျိုး
တိုးတက်လာတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ စမတ်ဖုန်းတွေ၊ Tablet ကွန်ပျူ တာတွေနဲ့ ကလေးတွေကြား ပိုပြီး နီးစပ်လာတာကို ကိုင်တွယ်တားဆီး ဖို့ ခက်ခဲလွန်းပါတယ်။ ပညာရှင် တော်တော်များများက နောက်ဆုံးပေါ် ဆက်သွယ်ရေး နည်းပညာတွေကို ကလေးတွေနဲ့ ခပ်ကင်းကင်းထားရှိ ဖို့ အကြံပြုထားပေမယ့် လက်တွေ့မှာတော့ အခက်အခဲတွေရှိနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံး ဖြေရှင်းနည်း က အဲဒီပစ္စည်းတွေကို ကလေးတွေနဲ့ သင့်တော်တဲ့ ဖွံ့ဖြိုးရေး အထောက်အကူပြုကိရိယာတွေ အဖြစ် ပြောင်းလဲလိုက်ဖို့ပါပဲ။
Android ဟာ Google က ထုတ် လုပ်ထားတဲ့ ကမ္ဘာပေါ်မှာ လူသုံး အများဆုံး မိုဘိုင်း OS တစ်ခုဖြစ်ပါ တယ်။ Googleက စီစဉ်ပေးထားတဲ့ Play Store က Android မှာ အသုံး ပြုနိုင်တဲ့ App တွေထဲကမှ ကလေး တွေအတွက် သင့်တော်မယ့် ဂိမ်းတွေ၊ သင်ကြားမှု အထောက်အကူပြု App တွေကို သီးခြားရွေးချယ် ပေးထားပါတယ်။ ကလေးတွေနဲ့ မိဘတွေ အတူအသုံးပြုရင်း အပျင်းလည်းပြေ၊ ပညာ လည်းရတဲ့ App မျိုးလေးတွေပါ။ အဲဒီထဲကမှ ကလေးတွေနဲ့ ကိုက်ညီ ပြီး အဆင်အပြေဆုံး ဖြစ်နိုင်တဲ့ Android App ၁၀ ခုကို စုစည်းဖော်ပြလိုက်ပါတယ်။
1. Kids Place
Custom App Launcher တစ်ခု ဖြစ်တဲ့ Kids Place ဟာ ကလေးတွေ နဲ့ ကိုက်ညီတဲ့ Theme ပတ်ဝန်းကျင် လေးတစ်ခုကို ဖန်တီးပေးပါတယ်။ Kids Place ထဲမှာ ကိုယ်ရွေးချယ် ပေးထားတဲ့ App လေးတွေနဲ့ ကလေးတွေ
ပျော်ပျော်ရွှင်ရွှင်ကစားနိုင်ပါ လိမ့်မယ်။ ဒါ့အပြင် တခြား App အသစ် တွေ ထပ်မသွင်းနိုင်အောင် ထိန်းချုပ်ထားနိုင်သလို ကလေးတွေက အခ ကြေးငွေပေး ဝယ်ယူမှုတွေ မှားယွင်း ပြီး မလုပ်မိအောင်လည်း တားမြစ်ထားပြီး
ဖြစ်စေမှာပါ။ ပြီးတော့ အချိန်သတ် မှတ်တဲ့ Feature တစ်ခုလည်း ပါရှိတာကြောင့် မိုဘိုင်းဖုန်း၊ ဒါမှမဟုတ် Tablet အသုံးပြုချိန်ကို စည်းနဲ့ကမ်းနဲ့ ကြပ်မတ်ထားနိုင်ပါတယ်။ Multiplayer Profile အထောက်အပံ့ပါတာကြောင့် မိဘတွေအပြင် တခြားအုပ်ထိန်းသူ တစ်ဦးချင်းစီက ကလေးတွေအတွက် သီးခြား Theme တစ်ခုဆီ ရွေးချယ်ပေးထားနိုင်မှာ လည်း ဖြစ်ပါတယ်။

2. Famigo
Famigo ဆိုတဲ့ App လေး ကလည်း ကလေးတွေအတွက် အမြင်ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတဲ့ Theme ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေး နိုင်မှာပါ။ ဒီ App က ကလေးတွေ အတွက် သီးသန့် ရည်ရွယ်တာကြောင့် Google Play Store နဲ့ ချိတ်ဆက်မှု တွေ အားလုံးကို ပိတ်ထားတဲ့အပြင် ဖုန်းခေါ်တာ၊ Message နဲ့ Email ပေးပို့တာတွေ အားလုံးကိုပါ တားဆီး ပေးထားပါတယ်။ Famigo မှာ ပါဝင်တဲ့ item လေးတွေကလည်း ကလေးတွေ အမြင်နဲ့ ရင်းနှီးစေမှာဖြစ်ပြီး ဒါတွေကို မိဘက Manage Mode ကနေ လိုသလို အပြောင်းအလဲ လုပ်ပေးနိုင်ပါတယ်။ အခပေးစနစ်နဲ့ အသုံးပြုတဲ့အခါမှာတော့ Famigo TV နဲ့ ချိတ်ဆက်ပြီး ကလေးတွေအ ကြိုက် ဗီဒီယိုလေးတွေ ရယူနိုင်မှာဖြစ် ပြီး Famigo Wowzer ဆိုတဲ့ Feature အရ ကလေးတွေ အတွက် ကန့်သတ်ထားတဲ့ အွန်လိုင်း အသုံးပြုနိုင်မှုတွေကို ခွင့်ပြုပေးနိုင်မှာပါ။
3. The cat in the Hat
ဒေါက်တာဆူးရက်စ်ရဲ့ ပုံပြင် စာအုပ်လေးတွေက ကလေးစာပေ ကဏ္ဍမှာ ဂန္ထဝင်မြောက် အဖြစ် တင်စား ခံရပါတယ်။ စိတ်ကူးဆန်းသစ်တဲ့ ဇာတ်ကောင်းလေးတွေနဲ့ ထူးထူးခြား ခြား ဇာတ်အိမ်ဖန်တီးမှု လေးတွေကို ရိုးရှင်းပြီး ကလေးတွေ နှစ်သက်စေမယ့် စကားအသုံးအနှုန်းလေးတွေနဲ့ ရေးသားထားတာပါ။ Ocean House Media ကတော့ ဒီစာအုပ်လေးတွေကို ဒစ်ဂျစ်တယ် နည်းပညာမှာ ပြောင်းလဲ အံဝင်စေခဲ့ပြီး Google Play Store ကနေတစ်ဆင့် မိသားစုတွေဆီ အလွယ်တကူရောက်ရှိ လာစေပါတယ်။ အထင်ရှားဆုံး ဒစ်ဂျစ်တယ် ပုံပြင်စာအုပ် လေးကတော့ The Cat in the Hat ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ ပုံပြင်ဖတ်တာနဲ့ ပတ်သက် လို့ Mode အမျိုးမျိုး ရွေးချယ်ခွင့်လည်း ပေးထားသေးတယ်။ မိဘနဲ့ ကလေးတွေ အတူဖတ်နိုင်သလို သူ့အလိုလို အသံထွက် ဖတ်ပြအောင်လည်း ခိုင်းစေနိုင်မှာပါ။
4. iStoryTime Storybook Library
iStory Time ရဲ့ ဒစ်ဂျစ်တယ် ပုံပြင်စာအုပ်တွေက ဈေးကွက်ထဲမှာ အကောင်းဆုံး လက်ရာတွေအဖြစ် ရေပန်းစားပါတယ်။ အံ့ဩစရာ အနုပညာမြောက် ခြယ်သမှုတွေ၊ ပရော်ဖက်ရှင်နယ် ပုံပြင်ပြောသူတွေရဲ့ အသံတွေ ထည့်သွင်းပေးထားပြီး ဂန္ထဝင်မြောက် ပုံပြင်ဇာတ်ကောင်တွေ၊ ခေတ်သစ် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို အမျိုးမျိုး စိတ်ကူးယဉ် ဇာတ်လမ်း ဆင်ထားတာမို့ ကလေးတွေ အကြိုက်တွေ့ကြတာပါ။ သူတို့ရဲ့ Storybook Library ကတော့ ကလေး တွေအတွက် ပုံရိပ်ယောင် စာကြည့် တိုက်လေးတစ်ခုကို တည်ဆောက်ခွင့် ရလာစေမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုယ့်စိတ်ကြိုက် ပုံပြင်စာအုပ်လေးတွေကို သိမ်းဆည်း ထားနိုင်ပါတယ်။ အသစ် လိုချင်ရင်လည်း Google Play Store ကနေ အလွယ်တကူ ဝယ်ယူနိုင်မှာပါ။ ဒီ App ကို စအသုံး ပြုရင် The Madagascar၊ The Giant Smurf၊ Ice Age နဲ့ Robin Hood ပုံပြင်စာအုပ် ၄ အုပ်ပါ တစ်ပါတည်း ရရှိမှာ ဖြစ်ပါတယ်။
5. PicsArt Kids
ကလေးတွေရဲ့ ထိုးထွင်းဖန်တီး မှုစွမ်းရည်ကို အကောင်းဆုံး လှုံ့ဆော်ပေးမယ့် App လေး တစ်ခုပါ။ ကလေးတွေ ပုံဆွဲတတ်အောင်၊ အရောင်လေး တွေ စုံစုံလင်လင် မှတ်သားသိရှိလာအောင် ကူညီပေးပါလိမ့်မယ်။ ကလေးလေးတွေနဲ့ သူတို့ရဲ့ မိဘတွေ အတူတကွ တက်တက်ကြွကြွအသုံးပြုနိုင်တဲ့ ဆေးရောင်ခြယ်စာအုပ်လေးဖြစ်ပေမယ့် ကလေးတွေကို ပုံသဏ္ဌာန်တွေ၊ အရောင်တွေ သင်ကြားပေးမယ့် ပုံဆွဲစာအုပ်လေး တစ်ခုလိုလည်း အသုံးဝင်ပြန်ပါတယ်။ အဲဒီမှာ ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ စုတ်တံနဲ့ အရောင်ရောစပ်မှု အမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ရေးဆွဲထားတဲ့ ပုံလေးတွေကို လည်း Gallery တစ်ခုထဲမှာ သိမ်းဆည်း ထားနိုင် ပါသေးတယ်။
6. Dipdap
ပုံဆွဲရတဲ့ ဂိမ်းလေးတစ်ခုကို သပ်သပ်ရပ်ရပ် ဖန်တီးပြထားတာ Dipdap ပဲ ဖြစ်ပါတယ်။ CBeebies ရဲ့ ဇာတ်ကောင်တွေကို နာမည်တူတူပဲ ထည့်သွင်းပေးထား ပါတယ်။ ကလေးငယ်ဟာ Animation မြင်ကွင်းလေး
တွေထဲမှာ ပျောက်ဆုံးနေတဲ့ အပိုင်းလေး တွေကို ရှာထည့်ပေးရင်း ဦးနှောက်စား ပျော်ရွှင်နေပါလိမ့်မယ်။ နောက်ဆုံးမှာတော့ သူ့စိတ်ကူးနဲ့ အပြီးသတ် တည်ဆောက်လိုက်တဲ့ ရုပ်ပုံကား ချပ်လေး ပီပီပြင်ပြင်ပေါ်လာမှာပါ။ App ထဲမှာ အဲဒီလို Animation မြင်ကွင်း ၁၆ ခု ပါဝင်ပါတယ်။ ပြီးတော့ ပုံကြမ်းရေးခြစ်တဲ့ Pad တစ်ခုလည်း ထည့်ပေး ထားပါတယ်။ ကိုယ့်ကလေးရေးဆွဲ ထားတဲ့ ပုံလေးတွေ၊ ဖန်တီးထားတဲ့ မြင်ကွင်းလေးတွေကိုလည်း Dipdap App ဝက်ဘ်ဆိုက်ကို ပေးပို့လို့ ရပါသေးတယ်။

7. Dragonbox Algebra 5+
ပျော်စရာ ဉာဏ်စမ်းသင်္ချာ App တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကလေးငယ် ရဲ့ အက္ခရာ သင်္ချာဗဟုသုတကို တိုးမြှင့် ပေးနိုင်မှာပါ။ ဒါပေမဲ့ ဒီ App က အသက်(၅)နှစ်အထက် ကလေးတွေကို အဓိက ရည်ရွယ်ရေးဆွဲ ထားတာ
ဖြစ်ပါတယ်။ အစပိုင်းမှာ ရိုးရှင်းတဲ့ Logic ပဟေဠိတွေကို ဖြေရှင်းခိုင်းပြီး တဖြည်း ဖြည်းနဲ့ ဂဏန်းသင်္ချာ ပညာရပ်ကို ကလေးတွေ ပိုပြီး နက်နက်နဲနဲ တွေးတောလာအောင်၊ စိတ်ဝင်စားလာအောင် ဆွဲဆောင် သွားပါလိမ့်မယ်။ တစ်ဖက်မှာ အရုပ်လေးတွေပါတဲ့ သင်္ချာပုစ္ဆာတွေကို ပေးထားပြီး တစ်ဖက်မှာတော့ ကွက်လပ်နေရာတစ်ခု ဖန်တီးပေးထားရင်း မသိကိန်း အဖြေကို ဂိမ်းတစ်ခုအနေနဲ့ ကစားရင်း ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Chapter ၁၀ ခုပါဝင်ပြီး စုစုပေါင်း ပဟေဠိ ၂၀၀ ထည့်သွင်း ပေးထားတယ်။ အဲဒီထဲမှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား သဘောတရားတွေ အမျိုးမျိုး ပါရှိပါတယ်။

8. Toca Nature
ကလေးတွေကို သဘာဝ ပတ်ဝန်းကျင် လွင်ပြင်လက္ခဏာတွေ အကြောင်း သင်ယူနိုင်စေဖို့ Toca Boca က ဖန်တီးထားတဲ့ ဂိမ်းလေး ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေ မပါရှိဘဲ စိတ်ကူးရှိရင် ရှိသလို ဖန်တီးနိုင်တဲ့ Free Play ဂိမ်းလေးဟာ ကလေးငယ်တွေကို အတုအယောင် ကမ္ဘာလေးတစ်ခု ဖန်တီးဖို့ ကူညီပေး ပါလိမ့်မယ်။ အပေါ်ဘက် မြင်ကွင်း ကနေ ကြည့်ရှုရသလို ဖြစ်နေတဲ့ ဂိမ်းထဲမှာ သစ်တောလေးတွေ၊ တောင်စဉ်တောင်တန်းတွေ၊
ရေကန်တွေ၊ မြစ်တွေကို စိတ်တိုင်းကျ ထည့်သွင်း နိုင်မှာပါ။ ကလေးငယ်တွေက သူတို့ စိတ်တိုင်းကျ ကမ္ဘာလေးတွေ ဖန်တီး တည်ဆောက်နေရင်း တောထဲက သတ္တဝါလေးတွေ အစာရေစာ မငတ်မွတ်အောင်လည်း ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ အဆင့်သတ်မှတ် အမှတ်ပေးတာတွေ၊ နောက်ထပ် အခကြေးငွေပေးချေပြီး ဝယ်ယူဖြည့်တင်းရမှာတွေ ဘာတစ်ခုမှ မပါဝင်ပါဘူး။

9. Toca Blocks
Minecraft ဂိမ်းရဲ့ စိတ်ကူးကို အခြေခံပြီး Toca Boca က ကိုယ်ပိုင် တည်ဆောက်ထားတဲ့ ဂိမ်းလေး ဖြစ်ပါ တယ်။ ကလေးငယ်တွေအတွက် အတုအယောင် ကစားကွင်းလေးတစ်ခု ဖန်တီးပေးထားပြီး သူတို့ရဲ့ ဖန်တီးမှု စွမ်းရည်ကို မြှင့်တင်ဖို့ ကူညီပါလိမ့်မယ်။ ကလေးငယ်ဟာ ပုံစံအရွယ် အစားအမျိုးမျိုး အတုံးလေးတွေ၊ တခြားပစ္စည်းတွေကို ကောက်ယူပြီး အမျိုးမျိုး အဖုံဖုံ ဆန်းသစ် တည်ဆောက်မှုတွေ လုပ်ဆောင်နိုင်ပါမယ်။ ဒီဂိမ်းထဲမှာ အတုံးလေးတွေ လိုက်ဆက်ရင်း အိမ်လေးတွေ ဆောက်နိုင်တယ်၊ သစ်ပင်လေးတွေ စိုက်နိုင်တယ်၊ နေရာဒေသ အသစ်တွေ ဖန်တီးနိုင်တယ်။ ပြီးတော့ နယ်မြေသစ်တွေမှာ ပါဝါအမျိုးမျိုးနဲ့ ဂိမ်းဇာတ်ကောင်လေးတွေကို နည်း လမ်းမျိုးစုံနဲ့ အသုံးချ ကစားသွားနိုင်မှာလည်း ဖြစ်ပါတယ်။
10. Minecraft Pocket Edition
Minecraft ကတော့ ရွေးချယ်စရာ လမ်းကြောင်းတွေ အများကြီးနဲ့ ဂိမ်းပါ။ ၂၁ ရာစု ကလေးငယ်တွေရဲ့ ဉာဏ်ရည်နဲ့ ကိုက်ညီမယ့် အရုပ်ဆက်နည်းလေးတွေကို ဒီဂိမ်း Edition ထဲမှာ ထည့်ပေးထားပါတယ်။ စိတ်ကူး ဉာဏ်ကွန့်မြူးမှုဟာ Minecraft ဂိမ်းရဲ့ အဓိက မောင်းနှင်အား ဆိုရင်လည်း မမှားပါဘူး။ Minecraft Pocket Edition မှာ ကလေးတွေအနေနဲ့ ကမ္ဘာကြီးကို သူတို့လိုသလို စိတ်ကူးပုံသွင်းပြီး လှည့်လည် သွားလာနေနိုင်ပါလိမ့် မယ်။ အုတ်ခဲလို အတုံးလေးတွေကို နေရာချပြီး အဆောက်အအုံတွေ တည်ဆောက်မယ်၊ လှပတဲ့ ပတ်ဝန်းကျင်ကို လေ့လာမယ်ဆိုတဲ့ အတွေးနဲ့ ကလေးတွေက သူတို့ရဲ့ အသိဉာဏ်ကို အစွမ်းကုန် အသုံးချပါလိမ့်မယ်။ Wifi ချိတ်ဆက် ထားတဲ့ Multiplayer Mode ကို အသုံးပြုပြီး မိဘတွေကပါ တက်လာတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ စမတ် ဖုန်းတွေ၊ Tablet ကွန်ပျူ တာတွေနဲ့ ကလေးတွေကြား ပိုပြီး နီးစပ်လာတာကို ကိုင်တွယ် တားဆီးဖို့ ခက်ခဲလွန်း ပါတယ်။ ပညာရှင် တော်တော်များများက နောက်ဆုံးပေါ် ဆက်သွယ်ရေး နည်းပညာတွေကို ကလေးတွေနဲ့ ခပ်ကင်းကင်း ထားရှိဖို့ အကြံပြုထားပေမယ့် လက်တွေ့မှာတော့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံး
ဖြေရှင်းနည်းက အဲဒီပစ္စည်းတွေကို ကလေးတွေနဲ့ သင့်တော်တဲ့ ဖွံ့ဖြိုးရေး အထောက်အကူပြု ကိရိယာတွေအဖြစ် ပြောင်းလဲလိုက်ဖို့ပါပဲ။
ဖြေရှင်းနည်းက အဲဒီပစ္စည်းတွေကို ကလေးတွေနဲ့ သင့်တော်တဲ့ ဖွံ့ဖြိုးရေး အထောက်အကူပြု ကိရိယာတွေအဖြစ် ပြောင်းလဲလိုက်ဖို့ပါပဲ။
Android ဟာ Google က ထုတ်လုပ်ထားတဲ့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး မိုဘိုင်း OS တစ်ခုဖြစ်ပါ တယ်။ Googleက စီစဉ်ပေးထားတဲ့ Play Store က Android မှာ အသုံး ပြုနိုင်တဲ့ App တွေထဲကမှ ကလေးတွေအတွက် သင့်တော်မယ့် ဂိမ်းတွေ၊ သင်ကြားမှု အထောက်အကူပြု App တွေကို သီးခြားရွေးချယ်ပေး ထားပါတယ်။ ကလေးတွေနဲ့ မိဘတွေ အတူ အသုံးပြုရင်း အပျင်းလည်းပြေ၊ ပညာလည်းရတဲ့ App မျိုးလေးတွေပါ။ အဲဒီထဲကမှ ကလေးတွေနဲ့ ကိုက်ညီ ပြီး အဆင်အပြေဆုံး ဖြစ်နိုင်တဲ့ Android App ၁၀ ခုကို စုစည်းဖော်ပြ လိုက်ပါတယ်။
No comments